အပိုင်း (၁၇၃) ရွာထဲက ကြံဖန်အမြတ်ထုတ်လိုသူများ
ရှောင်မိသားစုက ရွာတွင် မရှိကျတော့ပေ။ ဒါကြောင့် ရှောင်ဟန် ရည်ညွှန်းတဲ့အိမ်က ပိုင်အိမ်က လွဲပြီးတခြားမရှိပါဘူး။
ကြည့်ရတာ ရှောင်ဟန်က ပိုင်အိမ်က ကလေးပေါက်စလေးတွေထံ သွားလည်ချင်နေပုံပေါက်၍ ပိုင်လီက...
"ဒါဆို ကိုယ်လည်းလိုက်ခဲ့မယ်လေ ကိုယ်ဒီကောင်စုတ်လေးတွေကို အရင် ရွာထဲလိုက်ပို့လိုက်ဦးမယ်"
အရွယ်ရောက်နေသည့် လူကြီးတစ်ယောက် အနေဖြင့် ကလေးတစ်အုပ်စုနှင့် ဝင်ရောက်ဆော့ကစားဖို့က သိပ်မသင့်တော်လှသဖြင့် ရှောင်ဟန်ကလည်း ပိုင်လီက ကလေးတွေနဲ့ တစ်နေကုန် မကစားလောက်ဘူးဆိုတာကို သိနေပြီးသားပင်။ အဲတာက အိမ်ကလူတွေချည်းပဲ ဆိုရင်တော့ ကိစ္စမရှိပေမယ့် ရွာထဲမှာလည်းဖြစ် တခြားကလေးပေါင်းစုံနဲ့ဆိုရင်တော့ ပိုင်လီက သေချာပေါက် ကစားမှာမဟုတ်ပါဘူး။
ဒါကြောင့် ရှောင်ဟန်က မငြင်းတော့ဘဲ သို့ဖြင့် သူတို့မိသားစုလေးယောက်လုံးသည် ရွာထဲသို့ ထွက်လာခဲ့ကျလေသည်။
အဲဒီမှာ သူတို့အိမ်တော်နဲ့ မလှမ်းမကမ်းမှာ အကြီးသေးအရွယ်စုံတဲ့ ကလေးတစ်အုပ်က အသေးလေးတွေကို စောင့်နေပြီးသားပါ။
ပိုင်လီနဲ့ရှောင်ဟန်က သူတို့သားတွေကို ထိခိုက်မိအောင် အရမ်းကြီးမဆော့ဖို့ မှာကြားလိုက်ပြီးနောက် သူတို့က ထိုအသေးလေးနှစ်ယောက် ကလေးအုပ်ထဲ ဝင်ပေါင်းသွားတာကို မလှမ်းမကမ်းကနေ စောင့်ကြည့်နေခဲ့ကျလေသည်။
ရှောင်ဖူနဲ့ရှောင်ဝူ အနားရောက်တာနဲ့ ထိုကလေးတွေက သူတို့လေးတွေကို ဝိုင်းအုံပြီး မေးမြန်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ ပိုင်လီတို့က သူတို့ရပိနေတဲ့နေရာကနေ မကြားရပေမယ့် ဘာတွေပြောနေလဲဆိုတာ သိပြီးသားပဲ။
ဘာကြောင့်ဆို သူတို့အိမ်က ကလေးတွေသည် ငယ်သေးလွန်းပြီး ရိုးသားလွန်းသည်။ သူတို့လေးတွေကစားဖော်တွေရလာတဲ့အခါ အိမ်မှာရှိတဲ့မုန့်တွေကို ယူသွားတက်ပြီး အဖော်တွေကို ကျွေးချင်ကျပါတယ်။ ဒါပေါ့ ဒါက ပိုင်လီတို့အတွက် ပြဿနာမဟုတ်ပေ။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ