Chapter 2

102 29 8
                                    

ကျိုးရိုက ဖုန်းကို ပုခုံးနဲ့ခေါင်းနဲ့ညှပ်ပြီး နားထောင်နေတယ်၊ သူက ခဏလောက်တွေးလိုက်ရင်း သူ့ရှပ်အင်္ကျီကိုဆွဲပြီး အနံ့ခံလိုက်တယ်။

ဘာနံ့မှတော့မရဘူး...

စီးကရက်နံ့နည်းနည်းတော့ရပေမဲ့ သူရထားပေါ်မှာတုန်းက အဘိုးအိုတယောက်က သူ့လက်မောင်းကို ဆူးပန်းပရုတ်ဆီလိမ်းပေးသွားတော့ ပရုတ်ဆီနံ့ပါ နည်းနည်းရနေတယ်။

"ကောင်လေး? မျက်လုံးဝိုင်းဝိုင်း? ရိုကော.. မင်း..." တဖက်မှာပြောနေတဲ့ရှန်ဟန်းက အံ့ဩသွားတယ်။

"မဟုတ်ဘူး"

"ဘုန်းးးးးးး!"

ရုတ်တရက်ကြီး သူ၀င်နေတဲ့ အိမ်သာတံခါးဆီက ဘုန်းခနဲ အသံကြီးကြားလိုက်ရတယ်။

ကျိုးရိုလည်းလန့်သွားပြီးတော့ တ၀က်ချွတ်ထားတဲ့ ဘောင်းဘီပါ လွှတ်ချမိမလိုဖြစ်သွားတယ်။

"ဘောပဲ" သူတော်တော်လန့်သွားတာ။

သူက ဒီတမြို့လုံးမှာရှိတဲ့ အိမ်သာတွေအကုန်လုံး ဝင်အစီးခံလိုက်ရပြီလားလို့ ရုတ်တရက်တွေးမိသွားတယ်။

ခဏကြာတော့ အိမ်သာတံခါးအပြင်ဘက်က ဘုန်းခနဲထပ်ကြားပြန်တယ်။

"ဘာတွေဖြစ်နေတာလဲ" ဖုန်းတဖက်က ရှန်ဟန်းကပါ အသံကြားပြီး မေးလာတယ်။

"ဘာမှမဖြစ်ဘူး၊ ငါအရင် ဖုန်းချလိုက်ဦးမယ်" ကျိုးရိုကဖုန်းချလိုက်ပြီး ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

သူကသူ့ရဲ့အနွေးသားဘောင်းဘီကို ခက်ခက်ခဲခဲပြန်ဝတ်လိုက်ပြီး ဘောင်းဘီကြိုးကို ဖဲပြားလေးချည်လိုက်တယ်။

သူ့မျက်နှာကတော့ ဘာအမူအရာမှမရှိဘူး၊ သူ့ပုံစံက အတော်လေးတည်ငြိမ်နေတယ်။ သူကလက်တဖက်တည်းနဲ့ တံခါးကို တွန်းဖွင့်လိုက်တယ်။

သူတံခါးဖွင့်တာ နည်းနည်းအရှိန်ပါသွားတော့ အပြင်က တခုခုနဲ့တိုက်မိသွားတယ်နဲ့တူတယ်၊ အဲ့တော့ သူ တံခါးလက်ကိုင်ကိုကိုင်ရင်းပဲ ဖွင့်တာကို ခဏရပ်လိုက်တယ်။

ကျိုးရိုက အပြင်ကနေ ခပ်တိုးတိုးညည်းသံတခုကို ကြားလိုက်တယ်။

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now