00: This Man

24 2 0
                                    

* နင်ကြားပြီးပြီလား ? Internet ပေါ်မှာ နာမည်ကြီးနေတဲ့ အိပ်မက်မင်းသားလေးဆိုတာ *

* ကိုယ့်ကိုယ်ကို်ယ် အဆုံးစီရင်ချင်လောက်အောင် မွန်းကြပ်နေတဲ့သူတွေရဲ့ အိပ်မက်ထဲမှာပဲ ပေါ်လာတတ်တာတဲ့ *

* နတ်သားလေး မဟုတ်ဘူးလား *

Social Media ပေါ်တွင် ရေပန်းစားနေသည့် Hot issue တစ်ခုအကြောင်းကို ကျောင်း Group Chat ထဲတွင် ရေပတ်မ၀င်ပြောနေကြသည်။ တစ်စက္ကန့်ကို စာတစ်ကြောင်းမက တိုးထွက်နေသည့် Noti များကြောင့် Dami တစ်ယောက် ဖုန်း Noti ပင် off လိုက်ရသည့်အထိ ...

" အဲ့လိုပေါက်ကရတွေကို ယုံမယ့်အစား ဂျပန်ရိုးရာသရဲပုံပြင်တွေကို ယုံလိုက်တာကမှ ယုတ်တိတန်ဦးမယ် "

Dami က လှောင်ရယ်လိုက်ရင်းဖြင့် ပိတ်ကားဖြူလွှလွှပေါ် ဆီဆေးတစ်ချက်ရေးဆွဲချလိုက်၏။

ယခုကား အချိန်အားဖြင့် ည၈နာရီ။ Dami တို့အိမ်၏ ကိုယ်ပိုင် Studio ခန်းတွင် မနက်ဖြန်အတွက် အတန်းတွင်တင်ပြရမည့် အိမ်စာအား Dami တစ်ယောက်သာ ကြိုးစားလုပ်နေဟန်ပေါ်သည်။ ကျန်သည့်အတန်းသားများမှာမူ ယုံတမ်းပုံပြင်တစ်ခုဖြင့် အလုပ်ရှုပ်နေကြဆဲ ...

" ကဲ ... ပြီးပြီ ! "

နောက်ဆုံးစုတ်ချက်တစ်ချက်ဖြင့် လက်စသတ်လိုက်လိုက်သော သူမ၏ပန်းချီကားသည် Studio ၏ ကောင်းမွန်သော Lighting အောက်တွင် လှပ၀ံ့ထည်နေသည်။

Dami မှာ ကိုရီးယားတက္ကသိုလ်၏ အနုပညာဌာနတွင် ဒုတိယနှစ်တက်ရောက်နေသော စိန်ဇွန်းကိုက်သူဌေးသမီးလေး။ မိဘနှစ်ပါးမှာ ဥပဒေပိုင်းတွင် ရာထူးကြီးမားသူများဖြစ်ကြသည်မို့ ငွေဂုဏ်ရော၊ ပညာဂုဏ်ပါမလစ်ဟင်းပဲ လူတိုင်းက အားကျနေရသည့် Dami ဘ၀လေးက ထိုမျှတင်မကပေ။ Dami ကိုယ်တိုင်ကပင် အနုပညာဌာန၏ စံပြကျောင်းသူလေးတစ်ယောက်ဖြစ်နေသေး၏။ မွေးရာပါပညာရှင်လို့ပင် ဆိုရလောက်အောင် တစ်ဖက်ခမ်းခတ် လှပလှသည့် သူမ၏စိတ်ကူးယဥ္ပန်းချီကားများသည် ဆရာတို့၏ top pick သာ အမြဲဖြစ်ခဲ့သည်။

ယခုမူလည်း သူမ၏ ပြီးမြောက်ထားခါစ ပန်းချီကားလေးကို သူမကိုယ်တိုင် ကြည့်မ၀ဖြစ်နေ၏။ ထိုပန်းချီလေးသည် သူမ၏ နောက်ဆုံးရေးဆွဲဖြစ်သောပန်းချီလေးဖြစ်လာမည်ဆိုသည်ကိုတော့ ထိုအချိန်က သူမ ဘယ်သို့မျှ သိနိုင်ခဲ့မည်မထင် ...

" * ! "

ကျယ်လောင်သည့် ယမ်းဖောက်သံတစ်ခုက တိတ်ဆိတ်ငြိမ်သက်နေသော Dami ၏ အထက်တန်းစားအိမ်ကြီးထဲ ကြီးစိုးသွားသည်။

ထိတ်လန့်သွားသည့် Dami လည်း စုတ်တံလေးကို ချလိုက်ကာ အသံလာရာအိမ်အောက်ထပ်သို့ မရဲတရဲခြေလှမ်းများဖြင့် ဆင်းသွားလိုက်သည်။

" အမေ ... ? "

လှေကားပေါ်မှ ဆင်းလာသည့်တစ်လျှောက် သူမ၏အသံကား မည်သူမျှ မတုံ့ပြန်ကြသည်မို့ ပို၍သတိကြီးစွာ ဆင်းလာဖြစ်သော Dami သည် လှေကားရင်းမှ အရာတစ်ခုကို မြင်မြင်ချင်း သွေးပျက်စွာ အော်ဟစ်လိုက်မိ၏။

" အဒေါ်ကြီး !! အဒေါ်ကြီး !! "

လှေကားနားရှိ သွေးအိုင်ထဲတွင် Dami အိမ်မှ အိမ်ထိန်းအမျိုးသမီးကြီးက ပုံလျက်သားလဲကျနေသည်။ သွေးပျက်စွာ ကြောက်လန့်တကြားဖြစ်နေသော Dami  .... ဆက်လက်၍ မြင်လိုက်ရသည်က အိမ်ခန်းတစ်ခုဆီကနေ တစ်စုံတစ်ရာကို တရွတ်တိုက်ဆွဲလာသော မျက်နှာဖုံးစွပ်နှင့် လူတစ်ယောက်။

ထိုသူက လက်တစ်ဖက်တွင် ပစ္စတိုတစ်လက်ကိုကိုင်ထားလျက် ကျန်လက်တစ်ဖက်က ဆံပင်တစ်ထွေးလိုက်ဖြစ်နေသည့်အရာတစ်ခုကို ကိုင်ဆွဲရင်း ထိုအခန်းထဲမှ ထွက်လာသည်။ သွေးတွေရွှဲနေသည့် ထိုဆံပင်ထွေးကြီးမှာ Dami အမေ၏ဦးခေါင်း ...

" အား !! "

သွေးပျက်စွာ အော်ဟစ်လိုက်မိသော Dami အသံနဲ့တစ်ပြိုင်နက် လေပေါ်မြောက်တတ်လာသော ထိုသူ၏ပစ္စတို ..

" *! "

ထပ်မံ၍ ယမ်းဖောက်သံကြီးတစ်ခုက Dami တို့အိမ်ကြီးမှာ ကြီးစိုးသွားခဲ့ပြန်၏။

°°°

( 12.8.2024 )

I write this fiction accidentally after I heard about his military service news. I saw it was coming but I am not ready for it yet. Anyway let's wait for him together and he will always be the best guy for us 𓆩♡𓆪

You've reached the end of published parts.

⏰ Last updated: Aug 12 ⏰

Add this story to your Library to get notified about new parts!

This Man !Where stories live. Discover now