အပိုင်း ၂
"ခေတ် ပြီးပြီလား ပြီးရင် သွားကြရအောင်.."
"ပြီးပြီ မမေ လာပြီး..."
"လာ..သွားစို့ မနက်ခင်းဆိုတော့ ချက်ပြုတ်ဖို့ပါ ဝယ်ခဲ့ရမယ်၊ အိုးခွက်တွေက ရှိပြီးသားဆိုတော့ ငရုတ်ကြက်သွန်နဲ့ ဆီဘဲ ဝယ် ရတော့မယ်"
"ခေတ်က ဂီတာကြိုး ဝယ်ရမယ် မနေ့က ပစ္စည်းနေရာချရင်း ငြိမိပြီး ပြတ်သွားလို့"
"လိုတာတွေ မှတ်ပြီး အေးအေးဆေးဆေး ဝယ်ကြတာပေါ့"
နှစ်ယောက်သား လိုတာတွေကို စဉ်းစားပြီး ဖြည်းဖြည်းချင်း ဝယ်လိုက်ကြတာ တော်တော်လဲ စုံသွားသည်။ ဝယ်လို့ပြီးပြီ မို့ အထုပ်တွေကို မနိုင်မနင်းဆွဲကာ ကားဆီလာရသည်။ထိုစဉ် မထင်မှတ်ဘဲ တစ်ချိန်က ခေတ် ရဲ့ Roll model ဖြစ်ခဲ့တဲ့ ဆရာမ မေရီချိုကို တွေ့လိုက်ရသည်။ဆရာမ လည်း ဈေးလာတဲ့ပုံပင် ကားထဲက ဆင်းပြီး ဈေးဘက်ကို လျောက်လာလေသည်။ဆရာမကို တွေ့လို့ ခေတ် ရုတ်တရက် ရပ်လိုက်မိသည်။
"အ့!...အမလေး! ခေတ်ရယ် ရုတ်တရက်ကြီး ဘာလိုရပ်တာတုန်း"
အနောက်က မမေက ခေတ်ကို ဝင်တိုက်မိလေသည်။
"ခနလေး မမေ ခေတ်ရဲ့ ငယ်ငယ်က ဆရာမကို တွေ့လို့ "
"ဟုတ်လား ဘယ်မှာ လဲ...."
မမေက မေးလည်း မေး မျက်လုံးကလဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။
"ဟို့မှာလေ ကြံရည်ရောင်မြန်မာဝမ်းဆက်နဲ့ ဒီဘက်ကို လာနေတယ်.."
"ဟုတ်ရဲ့ လား.... ခေတ်ရယ် ကြည့်ရတာ ငယ်ငယ်လေး ရှိအုန်းမယ့်ဟာကို..."
"ဟုတ်ပါတယ် မမေရဲ့ ခေတ်ရဲ့ Roll model ကို ခေတ်က မမှတ်မိဘဲ နေမလား""ရှိရင်းစွဲထက် လှပနုပျိုနေတာပေါ့ ဟုတ်လား..အဲ့လိုလား"
"ဒါပေါ့ မတွေ့တာကြာသွားပေမဲ့ အခုထိ လှတုန်းဘဲ ခေတ်ကဘဲ အသက်ကြီးလာပြီး ဆရာမက အသက်မကြီး သွားသလိုဘဲ...."
"ဟုတ်ပတော်.. အဲ့လိုဆို ခေတ်ပြောသလို ဖြစ်နေတာပေါ့..၊နှုတ်ဆက်လိုက်လေ ပြီးတော့ ဆရာမ လှလှ နဲ့ မမေကိုလဲ မိတ်ဆက်ပေးပေါ့ ခင်သွားမှ အခုလို နုပျိုအောင်ဘာဆေးတွေ မှီဝဲလဲ မေးကြည့်ချင်လို့.."