တခါတလေကျတော့လည်း ကိုယ်နဲ့အရင်းနီးဆုံးလို့ထင်ထားတဲ့သူက ကိုယ်လုံးဝမသိတဲ့သူစိမ်းတစ်ယောက်လိုအလှမ်းဝေးနေတတ်တယ်။သူ့ကြိုက်တဲ့အစားစာ၊သူကြိုက်တဲ့ရုပ်ရှင်၊သူကြိုက်တဲ့အရောင်လေးသိနေရုံလောက်နဲ့သူ့ကို ကိုယ်နားလည်သွားပြီလို့တွေးလို့မရဘူး။ကိုယ်မြင်နေရတာသူဖွင့်ပြထားတဲ့သူ့စိတ်အနည်းငယ်ပဲ၊သူ့ရင်ထဲမှာတော့ ကိုယ်မမြင်အောင်လျှို့ဝှက်ထားတဲ့အကြောင်းများစွာရှိနေတယ်။ငါသိချင်လိုက်တာ မင်းစိတ်ထဲမှာဘာတွေရှိလဲဆိုတာ
🎀
.
.
.
.
.
.
🎀အချိန်တွေလည်းတရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ။နီးရက်နဲ့ဝေး ဆိုတဲ့အတိုင်း ယွန်းဂီနဲ့ဂျောင်ကုကတော့ တစ်အိမ်ထဲနေနေတာတောင်တဖြည်းဖြည်းဝေးကွာသွားသလိုပင်။
အရင်က ဂျောင်ကုရဲ့ကိစ္စတော်တော်များများကဝင်ပါတတ်တဲ့သူက အခုတော့ ဂျောင်ကုဘာလုပ်လုပ်မသိချင်ယောင်ဆောင်နေမိခဲ့သည်။ကျောင်းပြီးသွားရင် ကုမ္မဏီတစ်ခုခုမှာဂျောင်ကုကိုအလုပ်ဝင်စေချင်ခဲ့ပေမဲ့ဂျောင်ကုက အလုပ်တောင်ရှိနေပြီးသားပင်၊ဘယ်အချိန်စလုပ်လဲမသိပေမဲ့ ရေမွှေးဆိုင်တစ်ဆိုင်ရဲ့မန်နေဂျာနေရာပင်။ယွန်းဂီထိုဆိုင်ကိုသွားလေ့လာကြည့်တော့ ဆိုင်က ဈေးကြီးတဲ့ရေမွှေးတွေရောင်းတဲ့ဆိုင်မို့လို့ယွန်းဂီမှာဝယ်တောင်မဝယ်နိုင်ဘဲလှည့်ပြန်ခဲ့ရသည်။ဘာပဲဖြစ်ဖြစ်ဂျောင်ကု အဆင်ပြေတယ်ဆိုတော့လည်းသူဘာမှဝင်မပြောခဲ့ပေ။"ညစာစားရင် မစောင့်နဲ့တော့ ကျနော်အပြင်မှာပဲစားတော့မယ်"
ဂျင်းဘောင်းဘီဒူးပြဲနဲ့ စပို့ရှပ်အနက်တစ်ထည်ကိုရိုးရှင်းစွာဝတ်ထားသော်လည်း ဂျောင်ကုကကြည့်ချောနေဆဲဖြစ်သည်။နဂိုစင်းစင်းလေးဖြစ်နေတဲ့ဆံပင်တွေကို အခုတော့အနည်းငယ်ကောက်ထားတာကြောင့်ပိုပြီးလူငယ်ဆန်နေသည်။
အိမ်ခေါင်းမိုးထပ်ကနေဆင်းလာပြီး သူ့ကိုပြောချင်တာပြောပြီးဆင်းသွားတဲ့ဂျောင်ကုကိုယွန်းဂီ အိမ်ပေါက်ဝကနေငေးကြည့်နေမိသည်။သူတို့အိမ်ရှေ့မှာလည်းအမိုးဖွင့်ကားလေးတစ်စီးရှိပြီးကားပေါ်မှာတော့ ဟိုဆော့၊နမ်ဂျွန်းတို့နဲ့အတူတူမိန်းကလေးနှစ်ယောက်လည်းပါသည်။ဟိုဆော့က ကားမောင်းတဲ့နေရာမှာဖြစ်ပြီး ဂျောင်ကုကဟိုဆော့ဘေးမှာထိုင်လိုက်တာနဲ့ကားကလေးကယွန်းဂီမျက်စိရှေ့ကနေမောင်းထွက်သွားတော့သည်။