(113.2)

1.5K 259 20
                                    

(113.2)

"ငါထွက်သွားဖို့ မင်းဆီကခွင့်ပြုချက်လိုသေးလို့လား"

" မလိုဘူး.. ဒါပေမဲ့ မင်းခုနက ဘာပြောခဲ့လဲဆိုတာ ပြန်ပြောလိုက်ပါဦး ကျိုးဟိန်.. 'အနာဂတ်မှာ ငါ့ရှေ့ကိုထပ်မပေါ်လာစေနဲ့ မဟုတ်ရင် ငါမင်းကို အနုပညာအသိုင်းအဝိုင်းထဲကပျောက်ကွယ်သွားအောင် လုပ်လိုက်မယ်'? ငါ့ရဲ့ချင်းချင်းက ဒီအသိုင်းအဝိုင်းမှာ ခုမှ မြင့်မားလာကာစပဲရှိသေးတယ်.. မင်းကို ဘယ်လိုလုပ်လွန်ဆန်နိုင်ပါ့မလဲ.. ဒီတော့ ငါတို့က မင်းကိုရှောင်ပေးရမှာ သေချာပေါက်ပဲပေါ့... ငါပြောချင်တာကို မင်းနားလည်ရဲ့လား?"

ကျိုးဟိန်ကတော့နားမလည်ခဲ့ဘူး။

"မင်း ဘာပြောချင်တာလဲ"

"ငါတို့က နေ့လည်စာသွားစားမှာ .. ချင်းချင်းက မင်းနဲ့ မင်းဘေးကကောင်ကိုမမြင်ချင်ဘူး .. ဒီလိုဆိုရင်တော့ မင်းသဘောပေါက်သင့်တယ်"

ကျိုးဟိန် သဘောပေါက်တယ်။

နားလည်မှုလွဲစရာ စကားမှမဟုတ်တာပဲ။ သူက အဓိပ္ပါယ်မရှိတဲ့စကားတွေကိုပြောခဲ့မိတယ်လေ။ ဒီတော့ ပိုင်မိသားစုရဲ့ သခင်ငယ်လေးက သူ့ရဲ့ အချစ်ကလေးရှေ့မှာ ပလွှားပြချင်နေတာ။

ကျိုးဟိန် အမှားထပ်ပြုမိဖို့ မလုပ်နိုင်တော့တာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းပြီ"

သူက ရှန်ချင်းရှုကိုကြည့်ကာ ပြောလိုက်တယ်။
" ငါ ခုနက မင်းကို စော်ကားပြီး အပြစ်ပြုမိတယ်.. ရှောင်ယွီနဲ့ ငါအခုပဲထွက်သွားပေးပါ့မယ်"

ပြီးနောက် သူ ရှန်ချင်းယွီရဲ့လက်ကိုဆွဲကာ ကားဆီကိုဦးတည်လိုက်တယ်။

ရှန်ချင်းယွီကတော့ သူ့ကိုကြည့်ရင်း လက်မခံနိုင်ဖြစ်နေရတယ်။

သူက ဘာလို့ထွက်လာရတာလဲ?

သူက ရှန်ချင်းရှုရဲ့ရှေ့မှာ ဘာလို့အမြီးကုတ်ပြီး ထွက်ပြေးလာရမှာလဲ?!

"ကျွန်တော်မသွားဘူး!"

သူ ကျိုးဟိန်ရဲ့လက်ကို ခါထုတ်လိုက်တယ်။

"ကျွန်တော်တို့ နေ့လည်စာစားဖို့လာတာလေ.. ဘာလို့ထွက်သွားရမှာလဲ'

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now