21

1.8K 118 25
                                    

အိမ်ကနေထွက်လာတာခုဆို အဝေးပြေးလမ်းမပေါ်ရောက်နေပြီ တချိန်လုံး TaeTae ကြည့်နေတာ Jungkook မျက်နှာကပြုံးစိစိဖြစ်နေတာကိုပင်..

" ကိုကို ဘာလို့ပြုံးစိစိဖြစ်နေတာလည်း "

အဲ့လိုမေးလိုက်တော့ ပို၍တောင်မျက်နှာပိုးမသေတော့တဲ့ Jungkook ကြောင့် TaeTae မျက်နှာလေးကအော်တိုဆူပုတ်သွားသည်..

" ကိုကို ပြောပြ"

" ဘေဘီကြောင့် "

" ဘေဘီကြောင့်ဟုတ်လား ဘာလည်း ဘေဘီဘာလုပ်လို့လည်း "

ထပ်မှန်ပြုံးနေရာကနေ ရယ်ပါရယ်နေတဲ့ Jungkook.TaeTae အမေးကို ရယ်နေရင်းတန်းလန်းဖြေလိုက်သည်..

" ကိုကိုနောက်လိုက်လာတာ အကျီတောင်ပါမလာတဲ့ ဘေဘီကို ချစ်ပြီးရယ်ချင်လာတာ ပြီးတော့ အကျီက အိမ်ရှေ့သစ်ပင်မှာကျန်ခဲ့တာ အဲ့တာမနက်အမေတို့တွေ့သွားရင်ဆိုပြီးတွေးပြီးရယ်ချင်နေလို့ "

ပြောလည်းပြောရယ်လည်းရယ်နေတဲ့ Jungkook ကြောင့် TaeTae တယောက် တော်တော်လေးရှက်လို့သွားသည်..သူပြောနေတာကို ဘာတခွန်းမှပြန်မပြောတဲ့ TaeTae ကို ကားမောင်းနေရင်းလှည့်ကြည့်လိုက်တော့ မျက်ရည်လေးတွေအဝိုင်းသားနဲ့ သူ့ကိုကြည့်နေသည်..ထို့နောက်

" ကိုကို့ အတွက် အဲ့တာက ရယ်စရာဖြစ်နေတာလား "

ဟုပြောပြီး မျက်နှာလေးလွှဲကာ တဖက်ကိုတိုးထိုင်လိုက်တဲ့ TaeTae ..စိတ်မကောင်းဖြစ်သွားမှန်းသိတော့ ကားမောင်းနေရင်း လက်ကလေးကို လှမ်းကိုင်ကာချော့တော့ သူ့ရဲ့လက်ကိုခါချလိုက်သည်.

" ဘေဘီ အဲ့လိုမဟုတ်ဘူး ဘေဘီကိုလှောင်သလိုဖြစ်သွားတာလား အဲ့လိုမဟုတ်ပါဘူး ကိုကို က တွေးလေတွေးလေ အသဲယားပြီး ချစ်လို့ရယ်နေမိတာပါ "

"လွှတ်! လာမကိုင်နဲ့ "

" မဟုတ်ဘူး ဘေဘီရာ ဘေဘီထင်သလိုမဟုတ်ဘူး ကိုကိုက အရမ်းချစ်မိနေလို့ အဲ့လိုတွေးပြီးသဘောကျနေတာ ဘေဘီ စိတ်မကောင်းဖြစ်သွားမယ်လို့မထင်လို့ပါ ကိုကိုက ဘေဘီကိုလှောင်စရာလားကွာ ကိုကို့နောက်အရဲစွန့်ပြီးလိုက်လာတဲ့ ကလေးလေးကို ကိုကိုကလှောင်စရာလား "

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now