အပိုင်း ၄
၅မိနစ်လောက်နေတော့ မမေ ပြန်ရောက်လာလေသည်။လက်ထဲမှာလဲ ပန်းသီးတစ်ထုပ်နဲ့။ခေတ်အနားမှာ လာထိုင်မှ နားထင်ကချွေးစတွေကို သတိထားမိတော့သည်။ဒီအပျိုကြီး ဘာတွေ လုပ်နေပါလိမ့်။
"အယ်! မေ ဘာတွေ ယူလာပြန်တာလဲ..."
"ဟို...ဟို မမနေရီ အတွက် ပန်းသီးပါ။ ယူလာဖို့ မေ့လာလို့ ပြန်သွားယူတာပါ"
"အယ်! ရပါတယ် မေရယ် တကူးတကြီးကို..... ကျေးဇူးတင်ပါတယ် နော်.."
ခေတ် သဘောပေါက်လိုက်ပြီး။ခနက အန်တီနေရီက ပန်းသီးကြိုက်တယ်လို့ ပြောထားတာကို မှတ်ထားတာဘဲ။ဒီအပျိုကြီး တကယ်မလွယ်ဘူး။ရီချင်လွန်းလို့ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။ အခုချိန်ထ ရီ လိုက်ရင် မမေ တကယ် စိတ်ဆိုးသွားလိမ့်မည်။
"မေလည်းကြိုက်တာမို့... ဝယ်ထားတာပါ"
"ဟမ်!"
ယောင်ပြီး ခေတ် အသံထွက်မိတော့ မမေက ခါးက အင်္ကျီကို လာဆွဲလေသည်။မမေက ဖရဲသီး ကြိုက်တာလေ ဘယ်လိုလုပ် ပန်းသီးဖြစ်သွားတာလဲ ချက်ခြင်းကြီး။တကယ်က ပန်းသီးကလဲ အိမ်မှာ မရှိပါ။ ခေတ်တို့လဲ မကြိုက်တာမို့ မနက်က မဝယ်လာခဲ့တာကို။ဘယ်ကရလာလဲမသိပါ။ဈေးမှာ သွားပြန်ဝယ်မယ်ဆိုရင်လဲ ကားသော့က ခေတ် အင်္ကျီ အိတ်ထဲမှာကို။
"တကယ်ကျေးဇူးတင်တယ် မေ တို့လည်း အခုဘဲ တွေးနေတာ သွားဝယ်မလားလို့..၊အပြင်မှာလဲ နေပူနေတာမို့ သွားဖို့ကို ချိန်နေတာ..၊အခုတော့ အတော်ဘဲ ဖြစ်သွားပြီး."
"ဟုတ်တယ် မမနေရီ..အပြင်မှာ နေတော်တော်ပူနေတာ.."
အဟိ.!
"ဘာတွေ သဘောကြနေတာလဲ ခေတ်ရဲ့.."
"ဘာမှမဟုတ်ပါဘူး အန်တီနေရီ..ဒီအတိုင်း ဟာသလေးတစ်ခု တွေးမိသွားလို့ပါ"
"ဟိုလေ..မမနေရီ အခု တော့ မေတို့ကို ခွင့်ပြုပါအုန်း လုပ်စရာလေးရှိသေးလို့ပါ.."
"ကောင်းပြီးလေ.. ပန်းသီးအတွက် တကယ်ကျေးဇူးတင်တယ်နော် မေ..နောက်လဲ လာလည်ကြပေါ့ မေမေနဲ့ တို့ ပျင်းနေတာနဲ့ မေတို့ ရောက်လာတော့ အတော်ဘဲ ဖြစ်သွားပြီး.."