အပိုင်း ၆
ထိုကလေးတွေ ပြန်သွားတော့ မေလေးတို့ စကားတစ်ပြောပြောနဲ့ ထမင်းစားဖြစ်ကြသည်။စားလို့ ပြီးကြတော့ ပင်ပန်းနေပြီးမို့ ခနနားပြီး ရေချိုးရသည်။ ရေချိုးပြီး ထွက်လာတော့ ရေစိုနေတဲ့ ဆံပင်အဖျား တွေကို သုတ်ရင်း ပုံတူပန်ချီကားကို ရပ်ကြည့်မိသည်။
ပြောရရင် အဲ့ဒီကလေးမက ပါရမီတော့ပါသား။ဝါသနာအရကို တောင် ဒီလောက်တူအောင် ဆွဲနိုင်တာမို့ မေလေး မချီးကျုးဘဲ မနေနိုင်ပါ။အဲ့ဒီတုန်းကလဲ သူ့ဝါသနာကို စွန့်လွတ်ဖို့ထက် ပိုပြီး ကြိုးစားဖို့ သွယ်ဝိုက်ပြီး မေလေး ပြောခဲ့သည်။
အခု တော့ ကျောင်းလဲ ပြီးလောက်ပြီး။ဝါသနာကို ဘဲ ဆက်လက်အကောင်အထည် ဖော်လား တခြားအရာကို ဘဲ လုပ်နေလား တော့ မေလေးလဲ မသိပါ။မစွန့်လွတ်ဖို့တော့ မျော်လင့်ရတာဘဲ၊စွန့်လွတ်လိုက်ရင်တော့ ပါရမီကနှမျောစရာကောင်းလှသည်။
မေလေး ပန်းချီကို ငေးပြီး တွေးနေတုန်း ဂီတာသံ သဲ့သဲ့ ကြားရသည်။မေလေးတို့အိမ်တွေက တစ်ထပ်အိမ်ကိုမှ ခြံဝင်းကိုယ်စီနဲ့မို့ နည်းနည်းတော့ လှမ်းကြသည်။ဒါပေမဲ့ ဂီတာသံက နီးလှသည်။ဒါကြောင့် ပြတင်းနားသွားပြီး ကြည့်မိသည်။
ခြံက စည်းရိုးခေတ်ထားပြီး အုတ်တံတိုင်း မို့ ဟိုဘက်ကို မမြင်ရပါ။အသံက ဒီလောက်နီးနေတာမို့ အိမ်ထဲမှာတော့ မဖြစ်နိုင်... ခြံထဲ ဆင်းပြီး တီးနေတယ်ထင်သည်။
🎶🎵မျက်စိ မှီတ်ထား.. သော်ငြား သူ့အရိပ်ထင်နေတာ...
နှလုံးသားကို နားဆင်ငြား စကားတွေ ပြောနေလိုက်တာ.....
သူ ဘယ်ကို သွား ကိုယ့်အနား ရှိနေသည်မှာ...
ဘာ့ကြောင့်များလဲ သိလား အချစ်ရာ.......🎶
🎵အနုအလှ လက်ကလေးတွေနဲ့ ယုယကြင်နာစွာ...
ထွေးပွေ့ ယူထားသူအား... အတွေးတွေ နွေးနေဆဲပါ..
ဒီ လိုမြင်ကြား ခံစားရနေသည်မှာ.....
စက္ကန့် မခြားနှလုံးသားနဲ့ အတူပါ .....🎶
ဒီအရွယ်လေးနဲ့ ဒီသီချင်းကို လဲ ရတာဘဲလား။အသံကလည်း နားထောင်လို့ ကောင်းလွန်းလှသည်။မရည်ရွယ်ဘဲ မေလေး နားစွင့်နေမိတယ်။ဒီကလေး အနုပညာမှာ တော်တော် ပါရမီပါတာဘဲ။မျိုးစုံရလေသည်။