Chapter 57

722 106 3
                                    

Unicode

ကုပိုင် သူ့ပိုက်ဆံတွေအကုန်သုံးလိုက်ရစဥ်က စိတ်ခံစားချက်မကောင်းဖြစ်မိသော်ငြား လယ်ကွင်းထဲမှ အပင်အားလုံး ခူးဆွတ်၍ရလောက်အောင် ရင့်မှည့်လာတာကို သူမြင်တွေ့လိုက်ရတော့ အနည်းငယ်အဆင်ပြန်ပြေသွား၏။

ရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေပြီဟု ခံစားရသည့်အတွက် ခြင်းတောင်းများနှင့် ကိရိယာများယူပြီး ကုပိုင်နှင့်အိမ်တော်ထိန်းတို့သည် စိတ်ကောင်း၀င်နေသည့်အနေအထားဖြင့် လယ်ကွင်းဆီ ပြေးသွားကြသည်။

ထိုအချိန် မုမုက ကုပိုင်ရှေ့ကို ခုန်၀င်လာလေသည်။

"မင်း လုပ်‌ပေးထားတာအားလုံးကို ငါသိပါတယ် မုမု မင်းက အကောင်းဆုံးပဲ၊ ကျေးဇူးတင်တယ်နော်!" ကုပိုင် ကောက်ပဲသီးနှံများကို စိုက်ကြည့်ရင်း ထုံးစံအတိုင်း မုမုကို ချီးကျူးပေးလိုက်သည်။ မည်သည့်နေရာမှ စတင်ခူးဆွတ်ရမည်မှန်း သူမသိသေးချေ။

ကမ္ဘာမြေပေါ်ရှိ သူသိထားသော အပင်စိုက်ပျိုးသည့်နည်းလမ်းများသည် ဤဂြိုလ်နှင့် အဆင်ပြေမပြေမသိသေးသလို အသီးအနှံများထဲမှတချို့က အညှောက်မထွက်ပဲ မရိတ်သိမ်းနိုင်မည်ကိုစိုးသောကြောင့်လည်း ကုပိုင် အသီးအနှံမျိုးစုံကို စမ်းသပ်စိုက်ပျိုးခဲ့သည်။

ယခုမူ၊ ဤနေရာပတ်ဝန်းကျင်သည် ထူးခြားသာလွန်ကောင်းမွန်မှု ရှိ၊ မရှိ မသေချာလျှင်ပင် ၎င်းတို့က အခြေခံအားဖြင့်တော့ အပင်ပေါက်လာလေပြီ။

"ခရမ်းသီးက ကောင်းကောင်းကြီးထွားနေတယ် စားလို့ရခါနီးပြီ" အိမ်တော်ထိန်းကုက သူ့ရှေ့ရှိခရမ်းသီးတစ်လုံးကို ကြည့်ရင်း အပြုံးကြီးကြီးတပ်ဆင်ထားသည်။
ကုပိုင်သည် အပေါ်ယံတွင် အိမ်တော်ထိန်းကုထက် တည်ငြိမ်ပုံရသော်လည်း စိတ်ထဲတွင်တော့ စစ်မှန်သောအစားအစာအတွက် မျှော်လင့်ချက်များနှင့် ဆန္ဒများပြည့်နှက်နေ၏။

ကုပိုင်၏စိတ်ထဲတွင် အရသာမျိုးစုံပြည့်နှက်နေပြီး တံတွေးများပင် ထိန်းမနိုင်သိမ်းမရ ကျလာလုနီးပါးဖြစ်နေပြီမို့ သူ အသီးအနှံများကို လျင်မြန်စွာ ခူးဆွတ်လိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now