" ထယ်ယောင်း မျက်နှာလည်းမကောင်းပါလား...... "
စိတ်မပါလက်မပါဖြင့်စာရေးနေသော သူအား ဂျီမင်စိတ်ပူစွာ မေးလိုက်သည်။
" အော ဒီတိုင်းပါပဲ....... "
ခပ်အေးအေးဆိုလိုက်သော်လည်း သူ့မျက်နှာထားသည် ချီးမှန်သည့်အလား
" မင်းဟာက မဟုတ်သေးပါဘူး ချီးမှန်တဲ့ရုပ်နဲ့.....စောစောစီးစီးကို...... "
ခပ်ထေ့ထေ့ဆိုလိုက်သော်လည်း ယခင်ကလို ပြန်ရန်တွေ့သံက ထပ်ထွက်မလာ
ဒီလိုဆို တစ်ခုခုတော့ဖြစ်နေတာ
" မင်းဘာဖြစ်နေတာလဲ..... "
" ဘာမှမဖြစ်ဘူးပြောနေတယ်လေ assignment တွေရေးနေတာ မပြီးသေးလို့ စိတ်ညစ်နေတာ ဟုတ်ပြီလား..... "
သူ့အသံသည် အနည်းငယ်ကျယ်သွားသည်မို့ ဂျီမင်ပင်လျှင် အံ့ဩသွားရသည်။
အခန်းတွင်းရှိလူများသည်လည်း ကွက်ကြည့်ကွက်ကြည့်
ထူးဆန်းမှာပေါ့ ယခင်က သဘောကောင်းပြီးအေးအေးလေး Roll 1 က ခုလိုမျိုးပေါက်ကွဲနေတာ
" ....... "
တိတ်ဆိတ်သွားသော ပတ်၀န်းကျင်တွင် ဂျီမင်သည် ဖုန်းကိုသာ အာရုံလွှဲထားလိုက်၏။
အနည်းငယ် စိတ်ခုသွားပါသော်လည်း သူငယ်ချင်းကိုတော့ အပြစ်မတင်ရက်ပါချေ။
သူ့မှာလည်း သူ့အပူပဲ" နမ်ဂျွန်း..... ကျေးဇူးရှင်ကိုမေးကြည့်ဦး ဘာဖြစ်ချင်နေတာလဲလို့..... "
စာကုန်းရေးနေသော သူအား ပုခုံးပုတ်လျက် တီးတိုးဆိုလိုက်သည်။
" ဟေ ဘာလဲ ဘယ်သူ့ကိုလဲ..... "
အလိုက်ကမ်းဆိုးမသိသည့်သူက ခပ်ကျယ်ကျယ်လေသံဖြင့် ပြန်ထူးသည်။
" ထယ်ယောင်းပေါ့ ဘယ်သူရှိဦးမှာလဲ..... "
အံကြိတ်၍ပြောမှ ခေါင်းထောင်လျက် တစ်ဘက်ရှိ ထယ်ယောင်းအား လှည့်ကြည့်သည်။
တစ်ဘက်တွင်တော့ လူမရှိသည့်အလား တိတ်ဆိတ်စွာ အေးစက်ခြင်းက ဖုံးလွှမ်းထား၏။
" ဘာဖြစ်တာတုန်း..... "
" မသိဘဲနေလိုက် ကျောင်းလာကတည်းကမျက်နှာပျက်နေတာ မမြင်ဘူးလား..... "
" ဟ ငါကဘယ်သိမလဲ မနက်ကတော့ အကောင်းပါ..... "
" မင်းနဲ့လည်းစိတ်ညစ်တယ် သွားမေးကြည့်ဦး ဘာဖြစ်နေတာလဲလို့...... "
" မင်းကျတော့မမေးဘဲနဲ့ မင်းသွားမေးပါလား အဲ့လောက်သိချင်ရင်...... "
" သိချင်လို့ မေးပြီးပြီ အရူးရဲ့ ငါ့ကိုပြန်အော်လိုက်လို့..... "
ဂျီမင်၏အသံသည် နောက်ဆုံးတွင် တိုး၀င်သွားသည်မို့ ရယ်စရာဖြစ်လို့နေသည်။
နမ်ဂျွန်း၏မျက်နှာသည်လည်း စပ်ဖြီးဖြီးပုံသဏ္ဌာန်သို့ ချက်ချင်းပြောင်းလဲသွား၏။
" ဟား အဲ့တာကြောင့်ကိုး..... မောင်မင်းကြီးသားငြိမ်နေတာ..... "
" လှောင်မနေနဲ့ မေးမှာသာသွားမေး..... "
" အေးဘာ နေ့ခင်းထမင်းစားချိန်မှ မေးကြမယ်လေ...... "
YOU ARE READING
Between Us ( Completed )
FanfictionWe don't have nothing to say about us. Jungkook X Taehyung Start 3.7.2024 End 26.11.2024