အယ်လ်ဖာရှေ့နေ × အယ်လ်ဖာကနေ အိုမီဂါအဖြစ်ပြောင်းထားတဲ့ လွတ်ငြိမ်းခွင့်ရ အကျဉ်းသား
Title : Reservoir Dogs | 落水狗
Author : 重山外
Chapter : 125 (Etran Completed)
Warning ⚠️ : AO to AAXiao Zhou က အယ်လ်ဖာတစ်ယောက်ဖြစ်ပြီး သူတို့မိသားစုက အလယ်အလတ် ပြေလည်တဲ့ထဲပါတယ်။ ဒါပေမဲ့ သူ့အသက် ၂၀ တက္ကသိုလ်ဒုတိယနှစ် အညွန့်တလူလူတက်နေတဲ့အချိန်မှာ ရန်ပွဲတစ်ခုထဲပါမိလို့ လူသတ်မှုနဲ့စွပ်စွဲခံရပြီး ထောင်ဒဏ် ၁၅ နှစ် ချခံရတယ်။
ꨄ︎
သူတို့နိုင်ငံရဲ့ဥပဒေအရ အိုမီဂါအကျဉ်းသားကို အယ်လ်ဖာအုပ်ထိန်းသူက တာဝန်ယူပေးရင် စီရင်ချက်ကာလမပြည့်ခင်မှာ လွတ်ငြိမ်းခွင့်ရနိုင်တယ်။
အိုမီဂါရဲ့ပြစ်ဒဏ်ကာလကုန်တဲ့အထိ အုပ်ထိန်းသူအယ်လ်ဖာက အပြည့်အဝထိန်းချုပ်ခွင့်ရမှာ။ ပြီးရင် အမှတ်အသားလည်းပေးထားရမှာ။
အယ်လ်ဖာကို တရားရုံးကတွဲဖက်ပေးတဲ့ထဲကရွေးရပြီး အိုမီဂါကိုလည်း သေချာစောင့်ကြည့်စိစစ်ပြီးမှ လွတ်ငြိမ်းခွင့်ကို ခွင့်ပြုပေးတာ။
ꨄ︎
Xiao Zhou က အဲဒီအချက်ကိုအသုံးချပြီး အယ်လ်ဖာကနေ အိုမီဂါအဖြစ် ခွဲစိတ်ပြောင်းလဲလိုက်တာ။ ထောင်ထဲမှာ ၃ နှစ်နေခဲ့ပြီးတော့ အပြင်ကို လွတ်ငြိမ်းချမ်းသာခွင့်ရသွားတယ်။
Xiao Zhou ရဲ့အယ်လ်ဖာက Jiang Chengyuan ဆိုတဲ့ ရှေ့နေတစ်ယောက်ရယ်။
Jiang Chengyuan က Gland မှာ ပြသနာရှိလို့ ဖယ်ရိုမုန်းနံ့တွေကို တအား sensitive ဖြစ်တာ။ ဖယ်ရိုမုန်းရနံ့နဲ့လှုံ့ဆော်ခံလိုက်ရရင် စိတ်လွတ်ပြီး ပေါက်ကွဲထွက်တဲ့အထိပဲ။ သူ့ရောဂါကို ကုဖို့ရာ ဆရာဝန်က Trigger မဖြစ်တဲ့ ရနံ့ဖျော့ဖျော့အိုမီဂါရှာဖို့ အကြံပေးလိုက်တာ။
Jiang Chengyuan အတွက်အကောင်းဆုံးရွေးချယ်မှုက အိုမီဂါအစစ်မဟုတ်တဲ့ ပြောင်းလဲထားတဲ့ အိုမီဂါ၊ ဖယ်ရိုမုန်းရနံ့ပျော့တဲ့ အိုမီဂါ၊ အိုမီဂါစံချိန်မမီတဲ့ အိုမီဂါ Xiao Zhou ပေါ့။
အဲဒီလိုနဲ့ တစ်ယောက်က လွတ်လပ်မှုလိုချင်၊ ကျန်တစ်ယောက်ကရောဂါကုဖို့ အိုမီဂါလိုအပ်နဲ့ နှစ်ဦးသား တွဲဖက်ဖြစ်သွားရော။
YOU ARE READING
Untitle 🍀