ဂျီယွန်းဟာ မနက်ခင်းနိုးထလာတဲ့အချိန် ဂျီမင်းကိုတွေ့နေရတာကို အရမ်းကြိုက်ပြီး ဒီလိုအခြေအနေကို အရမ်းသဘောကျပါတယ်
ဂျီယွန်းဟာ အိပ်နေတဲ့ဂျီမင်းကို နိုးလိုက်ပြီး
"ဒီနေ့ငါတို့အိမ်သွားကြမလား" လို့ပြောပါတယ် ဂျီမင်းက ပြုံးပြီး "ငါကရတယ် ဘယ်ကိုဘဲသွားသွား နင့်နောက်ကအမြဲလိုက်နေမှာ" လို့ပြောလိုက်ပါတယ်
"အဲ့တာဆို ငါတို့ရေချိုးမနက်စာစားပြီးတာနဲ့ သွားကြမလား" "အင်းကောင်းတယ်"~~~~~~~
ဂျီယွန်းနဲ့ဂျီမင်းတို့ ဂျီယွန်းအိမ်ကိုအတူတူသွားကြပါတယ် အိမ်ရောက်တော့ဂျီယွန်းက သူ့အခန်းထဲကိုတန်းသွားပြီး ဗီရိုကိုဖွင့်ကာ ဂါဝန်နှစ်ထည်ယူလိုက်ပြီး "ဂျီမင်း နင်ကဒါဝတ် ငါကဒါလေးဝတ်မယ်" နောက်ပြီးဂျီယွန်းဟာ အိတ်တစ်အိမ်ထဲကို ဖုန်း ကင်မရာ နဲ့တစ်ချို့ ပစ္စည်းတွေ ကောက်ထည့်လိုက်ပြီး ဂျီမင်းလက်ကိုဆွဲက အောက်ထပ်ကိုဆင်းသွားပါတယ် အောက်ထပ်ရောက်တော့ မီးဖိုချောင်ထဲတန်းသွားကာ ခြင်းတစ်ခြင်းကိုကောက်ယူလိုက်ပြီး ရေခဲသေတ္တာထဲမှာ ရေဆေးထားတဲ့အသီးတွေနဲ့ မုန့်တွေကို ခြင်းထဲထည့်လိုက်ပြီး စက်ဘီးခြင်းထဲထည့်က ဂျီမင်းနဲ့အတူ အပြင်ထွက်သွားပါတယ် ဂျီမင်းကတော့ အံသြနေတာပေါ့ "ဂျီယွန်းအခုငါတို့ဘယ်ကိုသွားနေတာလဲ"
ဂျီယွန်းက "ငါတို့အနားယူရမယ် ပြီးတော့နင်ဟိုတစ်ခါပျော်ပွဲစားထွက်မယ်လို့ပြောထားတယ်မဟုတ်လား တံတားကျော်လိုက်ရင်တောင်ရှိတယ် ငါငယ်ငယ်က အမေအဖေနဲ့ခဏခဏသွားတဲ့နေရာ သွားပြီးအနားယူရအောင်"
တကယ်တော့ဂျီယွန်းက မနေ့ညထဲနဲ့ သူ့အိမ်ကအဒေါ်ကြီးကိုဖုန်းဆက်ပြီး ထမင်းလိပ်တို့ အသီးအနှံတို့စီစဥ်ခိုင်းထားတာပါ.....~~~~~~~~
တောင်ကုန်းလေးရောက်တော့ သစ်ပင်ရိပ်မှာ ဂျီမင်းကဖျာကိုခင်းလိုက်ပြီး ဂျီယွန်းက ကင်မရာကိုထုတ်ပြီး ဓာတ်ပုံရိုက်နေပါတယ်
ဂျီမင်းက ဖြေးဖြေးချင်းအနားလေးကိုကပ်ခါ "ငါကရိုက်ပေးရမလား" လို့မေးလိုက်တယ် ဂျီယွန်းက နဲနဲလေးလန့်ရင်း "အင်းရိုက်ပေးမလား" လို့ပြန်ပြောလိုက်ပါတယ်
အဲ့ဒီလိုနဲ့ နှစ်ယောက် ပျော်စရာအချိန်လေးတွေရခဲ့တာပေါ့
ဂျီမင်းက "ဘာလို့ဓာတ်ပုံclub ကိုရွှေးခဲ့တာလဲ ငါက နင် သရုပ်ဆောင်clubကိုရွှေးမယ်ထင်ခဲ့တာ"
ဂျီယွန်းက "ငါကဓာတ်ပုံရိုက်ရတာသဘောကျတယ် လူတွေရဲ့မှတ်ဉာဏ်ဆိုတာ မသေချာဘူး
ငါတစ်ယောက်ထဲမှတ်မိနေတာမျိုးရှိနိုင်သလို နင်တစ်ယောက်ထဲမှတ်မိနေတာမျိုးဖြစ်နိုင်တယ် ဒါမှမဟုတ် ငါတို့နှစ်ယောက်လုံးမေ့သွားတာမျိုးလဲရှိနိုင်တယ် ဒါမဲ့ ဓာတ်ပုံကိုပြန်ကြည့်လိုက်ရင် ငါတို့ပြန်ပြီးမှတ်မိနေနိုင်တယ် အဲ့တာမို့လို့ နောက်ပြီး ဓာတ်ပုံရိုက်ရတာက ငါ့ဘဝရဲ့ ဒိုင်ယာရီကိုရေးနေရသလိုမျိုး ခံစားရတယ် ငါ့အတွက်တော့ဓာတ်ပုံကအဖိုးတန်တယ်"
ဂျီမင်းက ဂျီယွန်းကိုမေးခဲ့တယ် "အိမ်မက်က ဘာလဲ" ဆိုပြီးတော့ ဂျီယွန်းကပြန်မေးခဲ့တယ် "ဂျီမင်းရဲ့အိမ်မက်ကရော" လို့ ဂျီမင်းက "ငါက ကော်ဖီဆိုင်ဖွင့်ချင်တယ်" လို့ ပြောခဲ့တယ် ဂျီယွန်းကတော့ "ငါကလွှတ်လပ်ချင်တယ် ငှက်လို့ပျံသန်းပြီး ငါလုပ်ချင်တာလုပ်ချင်တယ် ဒါမဲ့ အိမ်မက်မဟုတ်လား အိမ်မက်ဆိုတာတကယ်ဖြစ်မလာဘူးလေ"....
"ဘာလို့တကယ်မဖြစ်ရမှာလဲ လုပ်ရင်ဖြစ်တာပေါ့"
လို့ဂျီမင်းကပြောတော့ ဂျီယွန်းက ဒီလိုပြန်ပြောခဲ့တယ် ဂျီယွန်းက "ငါကတစ်ဦးတည်းသောသမီး အဖွားရဲ့မျှော်လင့်ချက် အဖေရဲ့မျှော်လင့်ချက် ပြီးတော့အမေ့ရဲ့မျှော်လင့်ချက်ဘဲ သူတို့မှာငါ့အတွက်မျှော်လင်ချက်တွေရှိပြီး အဲ့တာကိုပြည့်ဝအောင်ငါက လိုက်ဖြည့်ပေးရမှာ ငါ့ရဲ့အိမ်မက်နဲ့ရည်မှန်းချက်ကိုမမေးကြသလို စိတ်လဲမဝင်စားကြဘူး အဲ့အခြေအနေကိုပြောပြရမဲ့သူလဲမရှိသလို နားထောင်ပေးမဲ့သူလဲ မရှိဘူး ပင်ပန်းပေမဲ့ပြောလို့မရဘူး နင်ကပထမဆုံးဘဲ ငါနားခိုလို့ရတဲ့နေရာရှိတာ အခုကပထမဆုံးဘဲ"
ဂျီမင်းက "အခုငါကနားထောင်ပေးမယ် ငါကနင့်ဘေးနားမှာရှိပေးမယ် ငါ့ကိုမှီခိုလို့ရတယ်" လို့ပြောကာ ဂျီယွန်းလက်ကိုဆွဲရင်း "အခုပျော်လို့ရတုန်းပျော်ပျော်ေနရအောင်" လို့ပြောခဲ့တယ်
ခနအကြာ ဂျီယွန်း "ငါတို့တစ်ခုခုစားကြမလား" ဆိုပြီးမေးတော့ ဂျီမင်းက "ကောင်းတယ် သွားကြရအောင် ဝါးး ဒါတွေဘယ်အချိန်က လုပ်ထားတာလဲ နင်တို့အိမ်ကလူတွေကအမြဲ ပြင်ထားတာလား" လို့ပြောတော့ ဂျီယွန်းက တစ်ချက်ရယ်ခါ "မဟုတ်ဘူး မနေ့ညက နင်နဲ့သွားဖို့စဥ်းစားမိလို့ အဒေါ်ကြီးကို ဖုန်းဆက်ပြီးပြင်ခိုင်းထားတာ" "ဝါး ယွန်းဂျီယွန်း ကြိုတွက်တာတွေဘာတွေတောင်လုပ်နေပြီ ငါက မအားဘူးပြောရင် ဘယ်လိုလုပ်မလဲ"
"မပြောဘူးနင်က နင်ကသေချာပေါက်အားမှာ ဘာလိုလဲ ငါ့ကိုချစ်တာမို့လို့"
ဂျီမင်းက "နောက်တစ်ခါ ငါ့အိမ်လိုက်ခဲ့မလား" လို့မေးခဲ့တယ် ဂျီယွန်းက "စားလို့ကောင်းတာလုပ်ကျွေးရင် လိုက်ခဲ့မယ်"
"သေချာပေါက် ကျွေးမှာပေါ့"~~~~~~~~
ဂျီမင်းက "ငါတို့စာရေးကြမလား" ဂျီယွန်းက "ဟမ် ဘယ်လိုမျိုးစာလဲ" "ငါတို့အတွက် ငါနှစ်စောင် ပြီးတော့နင်နှစ်စောင် ရေးရမယ် နောက်ငါးနှစ်ကနင့်အတွက်ရယ် နောက်ငါးနှစ်ကငါ့အတွက်ရယ် ငါတို့သေချာလေးရေးပြီး နောက်ငါးနှစ်မှဖတ်ကြည့်ရမယ်" "အင်း ရေးကြတာပေါ့"
ဂျီယွန်းက "ငါတို့အခုပြန်ကြတော့မလား"
"အင်းပြန်ကြတာပေါ့"....18 August 2024
SundayAbigail
Chapter 9coming...
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....