one kiss is all it takes

220 25 2
                                    

" များနေပြီ ဆာရန်းတော်ပြီ! "

လက်ထဲကခွက်ကိုဆွဲလုလိုက်ရတဲ့ ဆာရန်းဟာ ဂျောင်အွန်းကိုမကျေမနပ်ကြည့်သည်။

" သူများပါတီကြီးမှာ လူမှန်းသူမှန်းမသိအောင် မူးနေလို့မဖြစ်ဘူးလေ "

ဆာရန်း ထိုင်နေရာမှာ အနောက်ကိုလှည့်ကြည့်တော့ အကုန်လုံးက သူ့အာရုံနှင့်သူဖြင့် သူမထက်အခြေအနေဆိုးနေတဲ့သူတွေတောင်ရှိနေတာကို ချွဲဂျောင်အွန်းက ဘာတွေလာဖြစ်ပြနေတာလဲ။

" ​ပြီးရင် အိမ်ပြန်ကြမယ် ခနနေခဲ့အုံး ထပ်မသောက်နဲ့နော်! "

မြည်နေတဲ့ဖုန်းကို ကောက်ကိုင်ကာ သူမကို ထိုသို့ပြောရင်း ဂျောင်အွန်းဟာ နေရာမှထထွက်သွားသည်။

" အာ... မဖြစ်တော့ဘူးပဲ "

ဆာရန်းတစ်ယောက် ယိုင်တိယိုင်နဲ့ဖြင့် လူတွေကြားထဲတိုးကာ လမ်းလျှောက်လာခဲ့သည်။

" ဟာ အတွဲတွေ.."

သူမရှေ့ကိုပိတ်ရပ်နေတဲ့အတွဲတစ်တွဲကိုမြင်၍ စိတ်တိုင်းမကျစွာ ဆာရန်း ငြီးငြူလိုက်မိသည်။

" ဒီမှာ လမ်း..လမ်းဖယ်ပေးကြအုံး !"

" ဆာရန်း? "

သူမဘက်ကိုလှည့်ကြည့်လာတဲ့ ပုံရိပ်ကို ဆာရန်းသေချာမမြင်ရပေမယ့်လဲ ကြားလိုက်ရတဲ့ အရင်းနှီးဆုံးအသံကြောင့် အမူးတွေတောင်ပြေသွားသလိုပင်။

" ခိုချန်း? "

သူမကိုလှည့်ကြည့်နေတဲ့ ခိုချန်းရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ ဘေးကကောင်မလေးဆီကို ဆာရန်းအကြည့်ရောက်မိသည်။

အဲ့တာ အနုပညာ​မေဂျာက ဂျောင်ဆယ်ဘီ မဟုတ်လား။

ဆာရန်း ရင်ထဲဆို့တက်လာတဲ့ခံစားချက်နှင့် အတူမျက်ရည်များဝဲလာသည်။ သူမတို့ပြတ်သွားတာ တစ်လပဲရှိသေးသည်လေ။

" အ့ !

လှည့်ပြေးဖို့အတွက် တစ်ဖက်ကို ချာကနဲ့လှည့်လိုက်ပေမယ့် သောက်ထားတဲ့အရှိန်ကြောင့် ကိုယ့်ဟာကိုယ်တောင်မထိန်းနိုင်ပဲလဲကျသွားသည်။

ရှက်စရာကောင်းလိုက်တာ။

" ဆာရန်း အဆင်ပြေရဲ့လား "

one kiss is all it takes Where stories live. Discover now