Chapter 1

50 7 2
                                    

ဒီနေ့ကတော့ ဆောင်းဟွန်းအတွက် နောက်ထပ်စာသင်နှစ်တစ်နှစ်စတင်တဲ့ရက်ဖြစ်တော့ ဆောင်းဟွန်းရယ် ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း ‌ဆောင်းဟွန်းအမေကလာပီးတော့
"ဟွန်းရေ သားဒီနေ့ကျောင်းကို ကိုယ့်ဘာသာပဲသွားလိုက်တော့နော် အမေ အလုပ်ကို စောစော သွားရမှာမလို့"
"ရပါတယ်အိုမား သားဒီတိုင်း ဆိုင်ကယ်နဲ့ပဲသွားလိုက်တော့မယ်"
"အေးအေး အဲ့တာဆိုအမေသွားပီနော်"
"nae "
ဆောင်းဟွန်းရယ် သူ့အမေလဲထွက်သွားရော မနက်စာစားပီးတော့ ကျောင်းကိုထွက်လာခဲ့တယ်
သူကျောင်းရောက်တာနဲ့
ခါတိုင်းလိုပဲ မိန်းကလေးတွေက သူ့အနားလာပီးတော့ စကားတွေပြောကြတယ်။ဒါပေမဲ့ဆောင်းဟွန်းကအဲ့လို ဟာတွေကို အနေကျနေပီမို့ မသိချင်ယောင်ဆောင်ပီးတော့ အခန်းထဲကို ဝင်လာလိုက်တယ်။
အခန်းထဲလဲရောက်ကော သူ့သူငယ်ချင်း ဂျေး နဲ့ ဟီးဆွန်းက
"ရား ပတ်ဆောင်းဟွန်းရှီ ငါတို့ကို မှတ်မိသေးရဲ့လား "
"ရား ‌ဟိတ်ကောင်‌ေတွရလဲ မမှတ်မိပဲနေမလားကွ"
"ဒါနဲ့ဆောင်းဟွန်း မင်းသိလား ဒီနှစ်ငါတို့အတန်းကို ကျောင်းသားသစ်တစ်ယောက်လာမယ်တဲ့၊ဩစီကဆိုလားပဲ၊ သူများတွေပြောကြတာတော့ချစ်စရာလေးတဲ့ ခွေးပေါက်လေးလိုပဲတဲ့"
"ဟုတ်လား ရောက်လာမှ ကြည့်ကြတာပေါ့ကွာ"
စကားစမြည်ပြောကြရင်း ကျောင်းတက်သွားတော့ အတန်းပိုင်ဆရာမက အခန်းထဲဝင်လာပီး
"ကလေးတို့ရေ ဒီနေ့ ဆရာမတို့ဆီ ကျောင်းသားအသစ်ရောက်လာတာ သိကြတယ်မလား၊ကဲ အခု ကျောင်းသားသစ်လေးကို ကြိုဆိုလိုက်ကြရအောင်၊ လာလေ ဂျိတ်ခ် နှုတ်ဆက်လိုက်ပါဦး"
ဆရာမစကားပီးတော့ အခန်းထဲကို တကယ်ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးနဲ့တူတဲ့ ကောင်လေးတစ်ယောက်ဝင်လာတယ်။
"ဂျေးပြောတာမှန်သားပဲ ချစ်စရာလေး" လို့ ဆောင်းဟွန်းတွေးမိလိုက်တယ်။

"ကျွန်တော့်နာမည်က ရှင်းမ်ဂျယ်ယွန်းပါ ကူညီပေးကြပါဦးနော်"

ဆိုပီးပြောလာတဲ့အခါမှာတော့ဆောင်းဟွန်းရဲ့‌စိတ်ထဲမှာ ရှင်းမ်ဂျယ်ယွန်းဆိုတဲ့နာမည်ကို စွဲစွဲမြဲမြဲမှတ်မိသွားတယ်။

အတွေးတွေထဲမှာ ဆောင်းဟွန်း နစ်မြော‌နေတုန်း
"အန်ညော ဒီမှာထိုင်လို့ ရတယ်မလား"
လို့ပြောလာတဲ့ဂျယ်ယွန်းကို မော့ကြည့်လိုက်တယ်။
*အနီးကပ် ကြည့်ခါမှ ပိုပီးတော့ ချစ်စရာလေးပဲ*
(*...*နဲ့ပြရေးထားတာလေးတွေက ဆောင်းဟွန်း ‌ကိုယ့်ဘာသာအတွေးထဲမှာ ပြောနေတာလေးတွေပါနော်)

ဂျယ်ယွန်းကဲ့မျက်နှာကိုစိုက်ကြည့်ရင်း ဆောင်းဟွန်း မေးတဲ့မေးခွန်းတောင် မဖြေနိုင်တော့ပဲ ဖြစ်နေတယ်။
ခနကြာတော့မှ အသိစိတ်ပြန်ဝင်လာပီးတော့
"ဟင် ရ-ရပါတယ် ဘယ်သူမှမှမရှိတာ"
*ငါဘာလို့ စကားတွေထစ်နေတာလဲ မသိဘူး စိတ်လှုပ်ရှားလို့လား*
*ကျေးဇူးပဲနော် ငါ့နာမည်ကိုတော့ သိပီးပီ ထင်ပါတယ် နင့်နာမည်ကကော"
"အာ ငါ့နာမည်က ဆောင်းဟွန်းပါ ပတ်ဆောင်းဟွန်း ဒါမဲ့ ဟွန်းနီ လို့လဲ ခေါ်လို့ ရပါတယ်"
"အာာ ဂျယ်ယွန်းဆိုတာက ငါ့ရဲ့ ကိုရီးယားနာမည်မလို့ နာမည်ရင်း ဖြစ်တဲ့
ဂျိတ်ခ် နဲ့ပဲ ခေါ်လို့ ရတယ်နော်"
"အာ့ဆို အိခု လို့ပဲ ခေါ်မယ်နော် ရတယ်မလား "
" ရပါတယ် ကြိုက်သလိုခေါ်ပါ"
အဲ့လိုနဲ့ပဲ ဆောင်းဟွန်း ဂျိတ်ခ်နဲ့ ထိုင်ရတော့တာပေါ့
*ဒီနေ့တော့ ရှည်လျားတဲ့ ရက်ဖြစ်တော့မှာပဲ၊ငါဂျိတ်ခ်နဲ့အရင် အရမ်းရင်းနှီးအောင်လုပ်ရမယ်၊အာ့မှ အဆင့်တက်လို့ရမှာ*
ဆောင်းဟွန်းသူရဲ့ အကြံကြီးကို စတင်အကောင်အထည်ဖော်ပါတော့မယ်။
______________________________

ဒီဟာလေး‌က အပိုင်း၅ ပိုင်း၆ပိုင်းလောက်ပဲ ရှိမှာမလို့ my vampire boyfriend လေးကို ဒါလေး ပီးသွားမှပဲ ဆက်တင်ပေးတော့မယ်နော်

You've reached the end of published parts.

⏰ Last updated: Sep 01 ⏰

Add this story to your Library to get notified about new parts!

Enchanted LoveWhere stories live. Discover now