Harutoတော်ရုံတန်ရုံနဲ့အိမ်ပြန်ရောက်မလာသေးတော့ Jeongwooမှာလည်တဆန့်ဆန့်ဖြစ်နေသည်" ကျွီ.......... "
Haruto အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာငုတ်တုပ်လေးထိုင်နေတဲ့ Jeongwooကိုတွေ့လိုက်ရတယ်
" အိပ်နေလိုက်တာမဟုတ်ဘူးခလေးရာ....... "
Harutoမရဲတရဲဖြင့် Jeongwooနားသွားလိုက်ကာ မျက်နှာချင်းဆိုင်အနေအထားဖြင့်ကုတင်ပေါ်တွင်ထိုင်လိုက်သည်၊ တကယ်တော့ Haruto, Jeongwooကိုထိခြင်တိုင်းထိခွင့်ရနေသည်ဆိုတာကတော့လုံးဝကိုမမှန်လိုက်လေခြင်း၊Harutoဟာ Jeongwooနဲ့အိပ်တဲ့အချိန်မျှသာ Jeongwooအနားကပ်ခွင့်ရခြင်းပင်ဖြစ်သည်
" မင်းဘယ်တွေရောက်နေတာလဲ "
Jeongwooဘက်မှစကားစလာသည်ကို Harutoမှသူ့ဂုတ်သူပွတ်သပ်လျက်
" ကို့အလုပ်ကိစ္စလေးတွေကြောင့်မို့ကိုနောက်ကျသွားတာ၊ နောက်ဆို ကိုနောက်မကျတော့ပါဘူး.... "
" ............ "
Harutoအံ့အားသင့်ရသည်ဘာလို့ဆို Jeongwooက Harutoရဲ့ခါးကိုဖက်ပြီးရင်ခွင်ထဲတိုးဝင်လိုက်ခြင်းကြောင့်ပင်
" နောက်ဆိုငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ "
ခလေးရာ....မင်းကို့ကိုအမြဲရူးအောင်လုပ်တယ်
Harutoစိတ်ထဲကြည်နူးမိပြီး လက်ကိုဖြည်းဖြည်းခြင်းမြှောက်ကာ Jeongwooရဲ့ပခုံးလေးကိုခပ်ဖွဖွပွေ့ဖက်လိုက်တယ်
" ကို့ကိုယုံကြည်လိုက်ပါ၊ကိုဘယ်တော့မှခလေးကိုထားခဲ့မှာမဟုတ်ဘူး "
Jeongwooတစ်ယောက် Harutoရင်ခွင်ထဲမှကျိတ်ပြုံးလိုက်ပြီးထိုရင်ခွင်ကျယ်ကြီးမှ ကိုယ်သင်းရနံ့လေးအားရှူရှိုက်ကာအိပ်စက်ခြင်းဆီသို့
Haruto pov: ခလေးကို,ကိုဘယ်လိုနည်းနဲ့မှအထိခိုက်မခံဘူး၊ ကို့ကိုအပြည့်အဝယုံကြည်လိုက်ပါ....ကိုကခလေးအနားမှာတစ်သက်လုံးရှိနေပေးမှာမို့လို့
Harutoဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်သည် Daddyနဲ့လုံးဝစာချုပ်မချုပ်နိုင်ဘူး ဖြစ်ချင်တာဖြစ်ပါစေနောင်ခါလာနောင်ခါရှင်းပေါ့
~~~~~~~~~~~~~~~~