Pt.27

539 95 110
                                    

အားလုံးက သူ့ကိုညာကြတယ်... ဘယ်တော့မှမထားသွားပါဘူးလို့ ပြောတဲ့သူတွေကပဲ နောက်ဆုံးကျတော့ သူ့ကို အမြဲထားသွားခဲ့တာ...

ဟိုးအရင်က သူ့မှာ တားဆီးနိုင်တဲ့အင်အားနဲ့ အစွမ်းတွေမရှိလို့ သူချစ်ရတဲ့သူ၊ သူချစ်ရတဲ့ အရာတွေကို လက်လွတ်ခဲ့ရတာ...

ခု ဒီလို ထပ်အဖြစ်ခံတော့မှာ မဟုတ်ဘူး... အထူးသဖြင့် နှစ်နဲ့ချီကြာအောင် သူရှာဖွေခဲ့ရတဲ့သူက ကံကောင်းထောက်,မလို့ သူ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ..

ဒီ‌ကောင်လေးကို သူ့ဆီကနေ ပြန်ထွက်သွားခွင့်ပြုရအောင် သူကအရူးလား...

ဟက်... သူ့ကို လာနားချနေတဲ့သူတွေကသာ အရူးတွေ...

အရူးတချို့အကြောင်းကို တွေးမိပြီး နှုတ်ခမ်းတွန့်ရုံလေး မဲ့ပြုံး, ပြုံးလိုက်သည့်ထယ်ယောင်းသည် ဖုန်းထဲမှ msg ကို တစ်ချက်ပဲလှမ်းကြည့်ကာ ဖုန်းကို ဘေးပြန်ချလိုက်ပြီး မျက်နှာချင်းဆိုင်မှ ကိုယ်လုံးပေါ်မှန်ကိုကြည့်ရင်း နက်မှောင်နေသောဆံပင်ကို ပုံကျနေအောင် သေချာဖီးလိမ်းသပ်တင်နေသည်...

သူ့ဆီ အဆက်မပြတ်၀င်နေတဲ့စာက ဒေါက်တာပက်ခ်ဂျီမင်းရဲ့ဆေးခန်းကမို့ သူလျစ်လျူရှူထားတာ...

သူမှ သွားဖို့မလိုတော့တာ... ခုချိန်ကနေစပြီးတော့ သူဖြစ်ချင်တာကို သူ့ဖာသာပဲ ဖန်တီးယူတော့မှာ... ဘယ်သူနဲ့မှလည်း မတိုင်ပင်တော့ဘူး၊ ဘယ်သူ့အကြံပေးချက်မှလည်း မနားထောင်တော့ဘူး...

အဲ့ဒီလူတွေက သူ့ကို အကြံပေးသလိုလိုနဲ့ တကယ်တမ်းကျတော့ သူနဲ့ဂျင့်ကို ခွဲချင်နေတာ...

ကုတင်ပေါ်တွင်အိပ်ပျော်နေဆဲ ဆော့ဂျင်ဘေးနား သူ၀င်ထိုင်လိုက်ကာ ပါးပြင်နုနုကိုအသာအယာပွတ်သပ်လိုက်ရင်း...

"ဂျင်က ငါ့အပိုင်"

ဆော့ဂျင်မနိုးသွားအောင် တီးတိုးပြောနေမိသည်...

ခု မနက်၉နာရီထိုးပေမဲ့ မနိုးသေးတဲ့ဆော့ဂျင်ဟာ ညဖက်တွေအိပ်မပျော်တာမို့ အိပ်ဆေးသောက်ပြီးအိပ်နေတာ...

"ကိုယ်အလုပ်တွေပြီးရင် ချက်ချင်းပြန်လာမှာမို့ လိမ်လိမ်မာမာလေးနေနော် အချစ်"

𝐊ɪᴍWhere stories live. Discover now