"အိုပါး...ဖုန်းနပါတ်လေးပေးလို့ရမလား"
ဖုန်းကလေးကိုရှေ့ထုတ်ပေးပြီးပြောလာတဲ့ကောင်မလေးကတကယ်ကိုချစ်စဖွယ်။ဒါကိုအင်းမလုပ်အဲမလုပ်တဲ့နီခီကို ယွန်းဂီတို့သုံးယောက်အဝေးကနေ မေတ္တာပို့နေကြသည်။
"ငါတို့ဆိုင်တော့နမယ်ကြီးတော့မှာပဲ ဝန်ဆောင်မှုဒီလောက်ကောင်းနေတာ"
ဝူဂျင်ရွဲ့ပြောနေမှန်း ယွန်းဂီသိပါသည်။ ဆိုင်မှာလူလိုလို့ လူသစ်လေးခန့်ထားပါတယ်။တကယ်ကို ဂျစ်ကန်ကန်နဲ့မှလာတွေ့နေရသည်။လုပ်စရာရှိတာတော့လုပ်ပါရဲ့၊မျက်နှာထားကတလောကလုံးသူ့လုပ်စာထိုင်စားတဲ့ရုပ်ပေါက်နေသည်။
"ဒါပေမဲ့ ရောင်းအားတွေတော့ တော်တော်
တတ်လာတယ်"အဲ့ဒါတော့ ဟုတ်သည်၊နီခီ သူ့ဆိုင်ကိုရောက်တဲ့ရက်အတွင်းရောင်းအားတွေတော့ တော်တော်တတ်လာသည်။ဒါပေမဲ့မျက်နှာလေးက အရယ်အပြုံးမရှိတော့ သူတို့ဆိုင်ကိုလူပြောစရာဖြစ်လာနိုင်သည်။
အဲ့ဒါကြောင့် သူလည်းကောင်တာမှာရပ်ပြီးဖုန်းသုံးနေတဲ့နီခီအနားကိုတိုးသွားလိုက်ရင်း"နီခီ ဧည့်သည်တွေရှေ့မျက်နှာကြီးမတည်ထားနဲ့လေ နည်းနည်းပါးပါးရယ်ပြပြုံးပြပေါ့"
"မသိတဲ့သူတွေကို နေရင်းထိုင်ရင်းမရယ်ပြနိုင်ပါဘူး"
*ကြည့်စမ်း ကြည့်စမ်း ပြောတဲ့ပုံကိုက မသိရင် ဧည့်သည်တွေကိုပြုံးပြရယ်ပြနေတဲ့ငါတို့တွေက ငပေါကြီးတွေကျနေတာပဲ*
"yarr...အဲ့လိုမပြောနဲ့လေ ဒါငါတို့ဆိုင်ကိုလာတဲ့ ဧည့်သည်တွေလေ"
"တိုးတိုးနေဗျာ...ဒီမှာအာရုံတွေပျက်ကုန်ပြီ"
လူရှင်းတုန်း ဖုန်းခဏသုံးနေပေမဲ့ အာရုံပျက်အောင်လာလုပ်နေသောသူအားနီခီ အော်ပလိုက်သည်။
"ဘာ မင်းကငါ့ကိုအာရုံပျက်တယ် ဒါအလုပ်ချိန် မင်းဖုန်းကြည့်နေရမဲ့အချိန်မဟုတ်ဘူး"
ယွန်းဂီပြောလည်းပြော လက်ထဲက ဖုန်းကိုလည်းဆတ်ခနဲဆွဲယူလိုက်သည်။တခြားသူကိုချေရင်ချေ ၊ယွန်းဂီကိုဒီလိုမျိုးလာချေလို့မရဘူး။လူပုသလိုစိတ်လည်းရှည်သူမဟုတ်။
