Intro; Our First Farewell

1 0 0
                                    

ကွာရှင်းစာချုပ်ကို စားပွဲပေါ်ပစ်ချပေးလိုက်သည်။

"မင်းကတိတည်ပါ ပိုး"

ပိုးကဗျာက ဝမ်းနည်းဟန်လည်းမပြ မလှုပ်မယှက် စာချုပ်ကိုစိုက်ကြည့်နေသည်။ သူ ပိုးနဲ့လက်ထပ်ခဲ့သည့်ဆယ်နှစ်တာလုံးလုံး မပျော်ရွှင်ခဲ့ရ ။ ပိုးက သူစိမ်းလိုပင် သူ၏ပျော်ရွှင်မှုကိုလည်း အလေးမထားခဲ့ အမြဲတမ်းရုပ်တည်နှင့် ခံစားချက်ကိုလည်းမဖော်ပြတတ်သည့် မိန်းကလေးတစ်ဦး။ သူကတော့ စိတ်ကမြန်သည်။ တစ်ခုခုဆို ချက်ချင်းဖြေရှင်းရမှကြိုက်တဲ့သူ။ ဒီလိုမြုံစိစိနေတတ်သည့် ပိုးနှင့်သူက စတွေ့ကတည်းက အဆင်မပြေခဲ့ကြသူတွေ၊ သွားလေသူမိခင်ကြီး၏ စိတ်ကြောင့်သာမဟုတ်ရင် ဒီအိမ်ထောင်ရေးက ဖြစ်လာစရာ အကြောင်းမရှိခဲ့။ အခုတော့ နှစ်ဖက်မိဘတွေလည်းမရှိတော့သလို မရှက်တမ်းဝန်ခံရရင် သူ့မှာလည်း ချစ်ရတဲ့သူရှိနေပါပြီ။ အိမ်ထောင်သည်တစ်ယောက်အနေနှင့် ဒီလိုကိစ္စမျိုးက မလုပ်သင့်သည့် လုပ်ရက်ဆိုပေမယ့် သူချစ်ရတဲ့အမျိုးသမီးအတွက် သူစွန့်စားချင်သည်။ လူတွေပြောကြသည့် မီးတောက်တဲ့အချစ်ကို ဒီအမျိုးသမီးလေးနှင့်မှ သူခံစားဖူးတာဖြစ်သည်။
ဒါကြောင့် သူ ပိုးနှင့်ကွာရှင်းရခြင်းဖြစ်သည်။

"ပိုး လက်မှတ်ထိုးပေးပါ့မယ် ကိုအောင် ဒါပေမယ့် တစ်ခုတော့ ကတိပေးပါ "

"ပြောပါ ပိုး"

"တစ်နေ့နေ့မှာ ပိုးမရှိတော့ဘူးဆိုရင် ပိုးရဲ့အုပ်ထိန်းသူဖြစ်ပေးပါ ပိုးတောင်းဆိုပါတယ် "

သူခေါင်းညိမ့်လိုက်သည်။ ပိုးရဲ့စကားက ဘာအဓိပ္ပာယ်တွေပါလဲမသိပေမယ့် သူလက်ခံလိုက်သည်။

ပိုးလက်မှတ်ထိုးထားတဲ့စာချုပ်ကိုယူပြီး သူအိမ်ကနေထွက်လာခဲ့သည်။ မေ ကိုယ်လာပြီ ကိုယ်ချစ်ရတဲ့မင်းဆီကို လာပြီ

"ဟယ်လို ကိုယ် လာပြီလား"

"အင်း "

"စာချုပ်ရော အဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျာ မေနဲ့ကိုယ်က ဖူးစာမှန်လို့လားမသိ အနှောက်အယှက်တွေက အလိုလိုကိုပျောက်သွားတာ"

"ဟင်း မမပိုး သနားပါတယ် မေကြောင့် သူ တစ်ခုလပ်ဖြစ်ရတော့မယ်"

"သူနားလည်မှာပါ စိတ်မပူနဲ့  မေ အခုကစပြီး ကိုယ်နဲ့မေရဲ့ အနာဂတ်ကိုပဲတွေးနော် "

"အင်းပါ ကိုယ်"

အပျော်လွန်နေတဲ့ သူ ဘာကိုမှမမြင်နိုင်။ သူ့ဘဝက ‌ဒီလို ကံကောင်းခြင်းတွေရောက်လာသေးသကိုဟု တွေး
မိသည်။

တီ တီ

ဖုန်းမြည်သံက ထပ်ကြားရသည်။

‌"ပြောပါ"

"အကိုလေး ဒေါ်လေးပါ မမလေး ဆေးသောက်ပြီး သတ်သေလို့"

"ဗျာ "

ကြားရတဲ့ သတင်းနှင့်အတူ သူ၏စိတ်တွေလည်းခဏတာ မှောင်မိုက်သွားသည်။ ရှေ့မှာမြင်ရတဲ့ကားထက် ပိုမှောင်တဲ့ တွင်းနက်ထဲကျသွားသလိုပင်။ သူဘယ်ရောက်နေတာလဲ??

You've reached the end of published parts.

⏰ Last updated: Aug 16 ⏰

Add this story to your Library to get notified about new parts!

Her Eighteen Where stories live. Discover now