"ဦး ရေလေးနည်းနည်းလောက်တိုက်လို့ရမလား"
ဩရှရှအသံလေးကြောင့် ရှောင်းကျန့် ကော်ပတ်
စားနေဆဲ သစ်သားလုံးကိုအောက်ချပြီး အသံလာ
ရာဘက်သို့ လှည့်ကြည့်မိရာ ခြံရှေ့မှာ စက်ဘီး
တစ်စီးနဲ့ရပ်နေတဲ့ ဖြူဖြူဖွေးဖွေးကောင်လေး
တစ်ယောက်အားတွေ့လိုက်ရသည်မို့ သူမျက်မှောင်ကြုတ်လိုက်မိသည်။ဒီနေရာက မြို့နဲ့အလှမ်းဝေးရာ နေရာမလို့ လူ
အရောက်အပေါက်နည်းသည်။ရှောင်းကျန့်က
လူတွေနဲ့ပြောဆိုပေါင်းသင်းရတာ သိပ်မကြိုက်
သူမို့ ဒီလို လူသွားလူလာနည်းသည့် မြို့စွန်ဘက်
မှာ ခြံဝယ်ပြီး သီးသန့်နေထိုင်ခဲ့ခြင်းပင်။ဝါသနာ
ပါသည့်ပန်းပုပညာကို အချိန်ပေးလုပ်ကိုင်ရင်း
နေ့ရက်တွေအား အဆင်ပြေသလိုဖြတ်သန်းနေ
ထိုင်ခဲ့တာတောင် နှစ်အတော်ကြာခဲ့လေပြီ။ခုမှ ဒီကောင်လေးက ဘယ်ကနေဘယ်လို
မျက်စိလည်လမ်းမှားပြီး သူ့အိမ်ရှေ့ကို
ရောက်လာသည် ရှောင်းကျန့်မသိ။"ဦး ရေတိုက်လို့ မရဘူးလားဟင်"
စဉ်းစားနေတုန်း ထပ်အသံပြုလာသည်မလို့
ရှောင်းကျန့် ခြံတံခါးနား သွားကာမေးငေါ့ပြီး"မင်း ဘယ်ကနေဘယ်လိုဒီရောက်လာတာလဲ"
ဟုမေးလိုက်မိတော့ ထိုကောင်လေးက ဘေး
ဘယ်ညာလျှောက်ကြည့်ပြီးမှ"ဒီတိုင်း စက်ဘီးပတ်စီးရင်း ဒီဘက်ရောက်လာ
တာ သားမှာပါတဲ့ရေဗူးကလည်း ကုန်သွားလို့၊
ရေကဆာနေပြီ။တော်သေးတာပေါ့ ဦး အိမ်ကို
တွေ့လို့ နမို့ဆို သား တော်တော်ဒုက္ခရောက်မှာ၊
ဦး ကြားဖူးတယ်မလား 'ရေအသက်တစ်မနက်
ဆိုတာလေ'ချွေးကထွက်နေတော့ ရေဓာတ်က
လိုအပ်နေပြီ"မနားတမ်းတရစပ် ပြောသွားတဲ့ကောင်လေး
ကြောင့် ရှောင်းကျန့် ဒုတိယမ္မိ မျက်မှောင်
ကြုတ်မိပြန်တယ်။လူလေးက ဖြူဖြူလုံးလုံးလေးနဲ့ချစ်စရာကောင်းပေမဲ့ စကားကတော့ အလွန်များမည့်ပုံ။"ကဲ ဟုတ်ပြီ ရေသောက်ချင်တာမလား ဒီမှာ
ခဏစောင့် ငါရေခပ်လာပေးမယ် ဟုတ်ပြီလား"ရှောင်းကျန့်လှည့်ထွက်ဖို့ ပြင်လိုက်တော့
"ဦး ခဏ..."