အပိုင်း 10
ခေတ် တစ်ယောက်မနေ့က ဆွဲလို့ပြီးတဲ့ ပုံကို ဒီနေ့မနက် ကားဂိတ်ပို့ပြီး အပြန် မနက်စာပါ ဝင်ဝယ်လာလိုက်သည်။ကားက အစောဆုံးထွက်တဲ့ကားနဲ့ပို့ရမှာဆိုတော့ စောစောထွက်လာခဲ့ခြင်းပင်။မမေကို အဖော်ခေါ်မလို့ တွေးမိပေမဲ့ သူခဗျာ အကြူးလွန်ပြီး လက်နာနေလို့ သနားပြီး မခေါ်နှိုးဖြစ်တော့ပေ။
ခေတ် လမ်းထိပ်ကို ရောက်တော့ အန်တီမေနဲ့အန်တီနေရီတို့ နှစ်ယောက်ကို တွဲတွေ့ရသည်။နှစ်ယောက်တူတူတွေ့ရတော့လဲ ဘယ်သူက ဘယ်သူမှန်းလဲ မသိတော့ပါ။
ကားရပ်လိုက်ပြီး..
"မောနီး..အန်တီတို့!... မနက်ခင်း လမ်းလျောက်ကြတာလား..."
"အယ်...ခေတ် အစောကြီး ဘယ်ကပြန်လာတာလဲ..."
ပြန်နှုတ်ဆက်တယ်ဆိုတော့ အန်တီနေရီဘဲ..ခေတ်ရဲ့ ဘုရင်မကတော့ သူ့ထုံးစံအတိုင်း တိတ်ဆိတ်နေလေသည်။
"ဒီနားကဘဲ အန်တီနေရီ.."
"မင်း ညက အိမ်ပြန်မအိပ်ဘူးလား.."
ဟိုက်! လွဲပြန်ပြီး...
"မဟုတ်ပါဘူး အန်တီမေ.. မနေ့က ဆွဲပြီးတဲ့ပုံကို ကားဂိတ် ပို့ပြီးပြန်လာတာပါ..."
ပြောတော့လဲ ကလေးကချစ်စကားပြောလို့ ဒေါသဖြစ်သလိုနဲ့ အခုတော့လဲ တန်းပြီးစစ်ဆေးနေတော့ဘဲ မေလေးရယ်။
"ဒါနဲ့ ခေတ် မေတစ်ယောက်ရော သက်သာရဲ့လား.."
"မမေက ခေါင်းနည်းနည်း ကိုက်နေလို့ အိပ်နေတယ် အန်တီနေရီ အနာအရှိန်ကြောင့် ဖြစ်မယ်ထင်တယ်.."
အမှန်က မမေက နေကောင်းပါသည်။ပုံမှန်ဆို ၈နာရီမှထတတ်သည်။ခေတ် က လိုတာထပ်ပိုပြော လိုက်ခြင်းပင်။
"ဟုတ်လားကွယ် အဲ့လိုဆို တို့ လိုက်ကြည့် အုန်းမယ်...မေလေး ရော လိုက်ခဲ့လေ..."
"ဟုတ်ကဲ့အန်တီနေရီ ရတယ်လေ.. တက် အန်တီ မေ"
သူက တစ်ခါးဖွင့်ပေးလေသည် မေလေးက ကားနဲ့နီးတာမို့ မေလေးကို အရင်တက်ခိုင်းနေသည်။မေလေး ပြီးတော့ နေလေးက တက်သည်။ပြီးနောက်တစ်ခါးပြန်ပိတ်ပြီး မောင်းသူနေရာ ဝင်ထိုင်လေသည်။