GOODBYE _ 5

92 14 0
                                    

Unicode\


" မေတ္တာတွေဟာ စစ်မှန်ခဲ့ပါတယ် "




ဂျုံဆောင်းအိမ်၏ ဝင်ပေါက်ရှေ့တွင်
စက်ဘီးရပ်လိုက်၍ ခြံဝမှာတပ်ထားတဲ့ ခေါင်းလောင်းလေးကို လှုပ်ရမ်းကာ တီးလိုက်တော့ ဆောင်းဟွန်းအမေအရွယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ပျာပျာသလဲ ထွက်လာသည်။



" ဘယ်သူများလဲလို့ ဆောင်းဟွန်းလေးကို "


" ဟုတ်ပါတယ်ဗျ . .
ဟို အန်တီလေး ဂျုံဆောင်းရော အိမ်မှာရှိလား "


" ရှိတယ် သား
လာအိမ်ထဲအရင်ဝင်ပါအုန်း . . "


ဆောင်းဟွန်း ဒီခြံလေးနဲ့အိမ်လေးကို သူ့အိမ်ထက်
ပိုသဘောကျမိတယ်။ ခြံထဲစဝင်လိုက်တာနဲ့ ခြေဖမိုးပေါ်သို့ ဖြတ်ပြေးသွားတဲ့ သစ်ရွက်ခြောက်လေးတွေ ။
အိမ်လေးရဲ့နံရံထက်တွင် စက္ကူပန်းလေးတွေတွယ်ငြိပြီး ပေါက်ရောက်နေသည်။ အပင်နှစ်ပင်ကြားမှာလည်း ကျွန်တော်နဲ့ဂျုံဆောင်း တစ်ယောက်တစ်လှည့်ဆီ တွန်းလွှဲပြီး စီးနေကျဖြစ်တဲ့ ပုခက်လေးလည်း ရှိနေပါသည်။


အခုမှ စိတ်ချမ်းသာတာတော့တယ် ။
ဂျုံဆောင်းရဲ့အိမ်အရိပ်က ဆောင်းဟွန်းအတွက် သိပ်ကို အေးချမ်းနေပါရဲ့ . . .။




" သားလေးကတော့ နောက်ဖေးခြံထဲသွားနေတာ
ဖြစ်မယ် "


" ကျွန်တော် "


" လိုက်သွားလိုက်လေ သား "



နောက်မှ အန်တီလေးကို အိမ်ထဲဝင်ပြီး
သေချာနှုတ်ဆက်ပါတော့မည်။ ဂျုံဆောင်းကို
ပေးချင်တာလေးပေးရဖို့နဲ့ တွေ့ရဖို့ကို ဆောင်းဟွန်း နောက်ထပ် စက္ကန့်ပိုင်းလေးတောင် ထပ်မစောင့်နိုင်တော့လို့ ဖြစ်သည်။




" အစ်ကိုသူ့ကို တွေ့ချင်လိုက်တာ . . . "


" အခုတွေ့ရပြီမဟုတ်လား ဂျုံဆောင်းနား ~ "



မတွေ့ရတာ တစ်ပတ်ပဲ ရှိပါသေးတယ်။
ဂျုံဆောင်းတစ်ယောက် ဆောင်းဟွန်း၏ အသံကို
အယောင်ယောင်မှားမှားဖြင့် ကြားယောင်နေသည်ဟု ပဲ ထင်မိသည်။


GOODBYE || "Jayhoon"Where stories live. Discover now