Chapter 58

725 114 1
                                    

Unicode

သူ ထိုမှတ်ချက်များကို အာရုံစိုက်စရာမလိုပါချေ။ သူ့အတွက် တကယ်အရေးကြီးသည်က သူ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်သည့်လူ ဘယ်နှစ်ယောက်ရှိသလဲမဟုတ်ဘဲ သူ့ဟင်းလျာတွေကိုနှစ်သက်သည့် လူများနှင့်ဝေမျှစားချင်ခြင်းပင်။ ဒါက အကုန်သာ။

"မင်းတို့ ငါ့ကိုမကြိုက်ရင် လွတ်လွတ်လပ်လပ် ထွက်သွားလို့ရပါတယ် စိတ်အခြေအနေမကောင်းပဲနဲ့ အတင်းအကြပ်ဒီမှာပဲနေဖို့ မလုပ်ပါနဲ့" Anti-fanများက သူ့အတွက် ဘာမှမဟုတ်သလိုမျိုး ကုပိုင် အေးအေးဆေးဆေး သတိပေးလိုက်၏။

[နင် အပြစ်ရှိစိတ်၀င်နေလို့မလား? နင်က နတ်ဘုရားယွီရဲ့လက်ရာကို ကူးယူထားလို့ ပထမအကျော့ပြိုင်ပွဲမှာတင် ပထမနေရာရခဲ့တယ်လေ နင်က သူ့လက်ရာအစစ်ကို မကျွမ်းကျင်တော့ အရင်က ဘယ်သူမှမမြင်ဖူးတဲ့အရာကို ဖန်တီးခဲ့တယ် အဲ့ဒါကို ကော်ပြန့်(နွေဦးဖက်ထုပ်)လို့ ဘယ်လိုတောင်ပြောရဲတာလဲ နင်ဘာလို့ ဒီလောက်တောင် အရှက်မဲ့နေရတာလဲ!]

[သူဘာလို့ စပြီးတိုက်ရိုက်ထုတ်လွှင့်ဖို့ မျက်နှာရှိတယ်လို့နင်တို့ထင်လဲ သူ့အမှားကို သဘောမပေါက်တာက အရမ်းအရှက်မဲ့လွန်းတယ် သူ့ရဲ့ကော်ပီလက်ရာကို အခြေခံပြီး ပရိတ်သတ်တွေ အများကြီးရထားလို့ ၀င်ငွေက သူလိုချင်သလောက်ရတယ်လေ ဟေ့လူ ခင်ဗျားပရိသတ်တွေရဲ့ပိုက်ဆံကို ဒီလိုယူနေတာ အပြစ်ရှိစိတ်လေးများ မ၀င်မိဘူးလား]

[နတ်ဘုရားယွီက ဒီအတွက် နင့်ကိုအပြစ်တင်ဖို့တောင်မလုပ်ပဲ အရမ်းကို စိတ်ထားကောင်းလွန်းတယ် နင်ကတော့ ပြိုင်ပွဲမှာ ကော်ပြန့်(နွေဦးဖက်ထုပ်)တောင် လုပ်လိုက်သေးတယ် သူဘာလို့ အဲ့လိုလုပ်လဲဆိုတာ သူငယ်ချင်းတို့သိကြလား? ကော်ပြန့်(နွေဦးဖက်ထုပ်)တွေက ဖက်ထုပ်တွေထက် လုပ်ရပိုလွယ်လို့လေ]

[Anti-fan တွေ နင်တို့ ပြောလို့မပြီးသေးဘူးလား ဒါက ရှောင်ပိုင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု နင်‌တို့ဟောင်ချင်ရင် ခွေးဂေဟာကိုပြန်သွားပြီး ဟောင်ချင်သလောက်သွားဟောင်]

[ကြည့်ပါဦး သူ့ပရိသတ်တွေကတောင်  ငါတို့ကို သူ့ရာဇ၀တ်မှု ပြောခွင့်မပြုနိုင်လောက်အောင် အပြစ်ရှိစိတ်၀င်နေကြပြီ ဖြတ်သွားဖြတ်လာတွေက အမှန်တရားရှာတွေ့သွားမှာကို စိုးရိမ်နေကြတာလား]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now