အပိုင်း ၁၉

1.3K 78 0
                                    

အချိန်အခါမဟုတ်ပဲ ရွာတဲ့မိုးကို သွားချိုးပြီးကတည်းက သျှား အခြေနေမူမှန်မနေတော့ပါ။ ခေါင်းတွေကိုက်လာပြီး ထိုင်ရာကနေ ထတောင်မထချင်တော့။ ရေချိုးပြီးကတည်းကအပြင်ကို ပြန်ထွက်မလာတဲ့ သျှား ကို နှောင်းသွားကြည့်လိုက်သည်။ မကြည့်လို့လည်းမဖြစ်ပါ။ ဒီကလေးကသူလုပ်ချင်ရာလုပ်တာ။

ဒေါက်....ဒေါက်

"မစ်ကိုလေး နှောင်းပါ"

"ဝင်ခဲ့လေ မမနှောင်း"

နှာသံလေးပေါက်နေတာကြောင့် အလျှင်အမြန်ဝင်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ငုတ်တုတ်လေးဆောင်ခြုံပြီး ထိုင်နေတဲ့ အုန်းပင်လေး။ ဟော အသဲယားစရာကောင်းပြန်ပြီ။

"နေမကောင်းဘူးလား"

နှာဖူးနဲ့ပါးပြင်လေးကို စမ်းကြည့်တော့ ပူခြစ်နေတာကြောင့်

"နှောင်း ပြောသားပဲ မိုးရေမချိုးပါနဲ့ ဆိုတာကို
အခုတော့ဖြစ်ပြီကြည့်"

ဘာမှပြန်မပြောပဲ စိုက်ကြည့်နေဆဲဖြစ်တဲ့ အကောင်ပေါက်လေးကို မျက်စောင်းမသိမသာထိုးပြီး လက်ကိုကိုင်လိုက်သည်။ နွေးခနဲပါပဲ။ လက်ကလေးကိုကိုင်လိုက်ချိန် အဖျားကြောင့်နွေးခနဲ။ တစ်ထောင့်တစ်နေရာကလည်း ခပ်နွေးနွေး။

"လာ သွားမယ်"

"ဘယ်ကိုလဲဟင်"

"ဆေးခန်းသွားရမှာပေါ့ ရှင်ရယ် သျှားကဘယ်သွားချင်လို့လဲ"

"ဟော့ပေါ့ဆိုင်"

^^^

ဒီနေ့ လရိပ် မန္တလေးကပြန်လာတာကြောင့် ရှိုင်း ကားနှင့်လာကြိုရခြင်းဖြစ်သည်။ ဒါမျိုးဆို သူကအားကိုးရတယ်လေ။

"စောင့်နေတာကြာသွားလား ရှိုင်း"

"ရောက်ပြီလား ကြာတာပေါ့ဟာ
နေ့လည်တောင်ရောက်တော့မယ်"

လရိပ် နာရီကိုကြည့်လိုက်ပြီး

"ဆောရီးပါဟာ ငါတို့နေ့လည်စာစားဖို့ တစ်ဆိုင်ဝင်ရအောင်"

"အေးအေး အော် အန်တီ ပင်ပန်းနေပြီလား"

အနောက်က လရိပ်အမေကို လူမှုရေးအရမေးရသေးသည်။
သူနဲ့ကရှိုင်း အတော်ရင်းနှီးနေပြီဖြစ်သည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now