အပိုင်း ၂၀

546 30 0
                                    

မနေ့ကဗြုန်းစားကြီးမိုးရွာသေးသည်။ အရမ်းမသဲသည့်အပြင် သက်တန့်တို့ပါထွက်နေသည်။ သို့သော် နေမင်း၏အပူရှိန်ကြောင့် မောဟိုက်စေသည်။ ရေအိုင်၊ ရွှံဗွက်တို့ကိုကြည့်ရင်ဖြင့် မိုးလေဝသ သတင်းကိုမကြည့်လျှင်တောင် သိသာပါသည်။ ယနေ့တော့ နေသာပါသည်။ ဆောင်းဦး၏နေခြည်မှာ မပူမပြင်း နွေးထွေးရုံမျှသာရှိမည်။ ဒီလိုနေ့မျိုးဆို ကျောင်းသူကျောင်းသားတိုင်း သဘောကျကြ၏။ တောင်ပေါ်၌ မြူတို့ကတဝဲဝဲ ကျဆင်းနေသည်။ မိုးကောင်းကင်သည် တည်ငြိမ်နေပြီး မနေ့ကထက်ဆာရင် ကျက်သရည်ရှိပါသည်။ ပြာကြည်ကြည် ကောင်းကင်ကြီးအောက်တွင် ငြိမ်သက်နေသည့်အရာမှန်သမျှ နေ့စဥ်နဲ့အမျှအလုပ်အတိုင်း တစ်ဖြေးဖြေးနှင့် လှုပ်ရှားလာလေပြီ။

ဟန် အခုရက်ပိုင်းအိမ်မှာသာနေနေသည်။ အပြင်ထွက်ချင်စိတ်တောင်မရှိ။ ဘယ်သူမှလည်းလာမခေါ်ကြတာကြောင့် ဟန် လည်းမထွက်ဖြစ်။ အခုနောက်ပိုင်း မျက်နှာမှိုင်နေတာကြောင့် မာမီကတောင် မေးယူရသည်။ အခုလည်း စောစောစီးစီး မနက်စာမစားသေးပဲ ဂီတာကိုကလိနေတာကြောင့် ဆူခံနေရသည်။ ဆံပင်တွေရှုပ်ပွနေပြီး စိတ္တဇရုပ်လိုတောင် ပေါက်နေသည်။ စိတ်ထဲ၌ တစ်ခုခုကိုစိတ်ထင့်နေသည်လေ။

ဂီတာကိုကြိုးညှိပြီး တစ်ချက်တီးလိုက်သည်။ ဟန်ချက်ညီသွားတာနဲ့ ကီးတည့်အောင် သီဆိုလေသည်။ မနက်စောစောမှာ ဟန်ရဲ့သာယာတဲ့ သီချင်းသံလေးဟာ ဧည့်ခန်းထဲတွင် ပျံ့နှံ့သွားလေသည်။ ထို့အတူ နှင်း ရင်ထဲလည်း အေးချမ်းသလို ခံစားသွားရသည်။

နှင်း အိမ်မှာဒီနေ့ အုန်းနို့ခေါက်ဆွဲချက်တာကြောင့် ဟန့် အိမ်ကိုလာပို့ခြင်းဖြစ်သည်။ အနီးဆုံးအိမ်မို့ မနက်အစောကြီးသာ ထွက်လာခဲ့လိုက်သည်။ ဒီချိန်ဆို ဟန် နိုးမည်တောင်မထင်။ ချိုင့်လေးကိုင်ကာ ထုံးစံအတိုင်း ဗမာရင်ဖုံးလေးနှင့် သိမ်သိမ်မွေ့မွေ့လေး လမ်းလျှောက်လာခဲ့သည်။ ကျန်တဲ့အိမ်တွေကိုတော့ နောက်မှပို့တော့မည်။ လမ်းတစ်လျှောက် ဟန့် ပုံရိပ်တွေသာ အထပ်ထပ်ပေါ်လာသည်။ လမ်းတစ်ဝက်လောက်မှာ ရပ်လိုက်ပြီး နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now