အပိုင်း (၁၇၄) ပိုင်ကျန်း၏မင်္ဂလာပွဲသတင်း
ပိုင်လီက ရယ်နေတဲ့ကလေးလေး၏ နှာခေါင်းထိပ်လေးကို တို့လိုက်၏။ သူ့တူလေးက အရမ်းမျက်နှာရွှင်တာပါပဲ။
ပိုင်လီက ကလေးချစ်တတ်တာကြောင့်ပင် ဖြစ်လိမ့်မည်။ သူ့စိတ်ထဲမှာတော့ ဒီအရွယ်ကလေးလေးတွေက အရမ်းချစ်ရာကောင်းနေပြီး သူက လက်ထဲကတူလေးကို ချီထားတာကို အားမရဘဲ သူ့ဇနီးလေးလက်ပေါ်က တူမလေးကိုပါ လှမ်းမြူလိုက်သေးလေသည်။ ထိုကလေးမလေးက တကယ်ကိုအပျင်းလေး။ သူမလေးက အိပ်နေဖို့ပဲသိတာ။
မော့ဟွာမှာတော့ သူမရဲ့ဒုတိယသားက သူမနဲ့စကားပြောနေတာကို မေ့သွားပြီး ကလေးတွေကိုပြန်မြူနေသဖြင့် သူမက လက်မောင်းကို ထပ်ရိုက်လိုက်လေသည်။
"မင်းကတော့ ဒီအမေပြောတာ ကြားလိုက်ရဲ့လား မင်းရဲ့အစ်ကိုကြီးကို စကားလေးနည်းနည်းလောက် ပြောပေးပါဦးဆို"
ပိုင်လီက ဤကိစ္စ၌ တကယ်ကို ကြားမဝင်ချင်ပါပေ။ ဒါပေမယ့် သူဘာတတ်နိုင်မှာမလို့လဲ။ သူ့အမေကမှ အတင်းတိုက်တွန်းနေတဲ့ဟာကို။ ဒါကြောင့် ပိုင်လီကအင်တင်တင်ဖြင့် ခေါင်းငြိမ့်လိုက်ရပြီး သူကပိုင်ကျန်းတို့ စိုက်ခင်းတွေဆီကပြန်လာတော့ မေ့ချင်ယောင် ဆောင်နေလိုက်သေးသော်လည်း ပိုင်အမေကမူ သူ့လက်ထဲက ကလေးကိုယူသွားပြီး သူ့ကိုအတင်း တွန်းလွှတ်လိုက်လေသည်။
ဒီတော့ ပိုင်လီလည်း ရွေးစရာမရှိတော့ဘဲ စိုက်ခင်းကနေ ပြန်လာပြီး လှည်းကနေ ကျွဲကိုဖြုတ်နေတဲ့ပိုင်ကျန်းအနားကို ချည်းကပ်သွားလိုက်ရပါတယ်။
ပိုင်ကျန်းက သူ့ဒုတိယညီကိုမြင်တော့ ပြောလာရဲ့။
"ဒုတိယပါလား ဒီရောက်နေတာကိုး ငါနဲ့အဖေ မင်းတို့စိုက်ခင်းတွေဘက်ပါ ဝင်ကြည့်ခဲ့သေးတယ် အခုလက်ရှိတော့ မဆိုးဘူးပဲ"
ဒီနှစ်တွင် ပိုင်လီက ဆန်ချောတွေကို စမ်းစိုက်ခဲ့ပြီး အဲတာက ပိုင်မိသားစုကို တွေးတိုင်းစိတ်ပူစေခဲ့သည်။ဒါကြောင့် ပိုင်အဖေနဲ့ပိုင်ကျန်းက အမြဲတမ်းလိုလို ပိုင်လီရဲ့စပါးခင်းတွေထံသွားပြီး စစ်ဆေးလေ့ရှိပါတယ်။ သူတို့က ပိုင်လီထက်တောင်မှ အဲဒီစပါးခင်းတွေကို ဂရုစိုက်ကျသေးတယ်။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ