အပိုင်း (၁၇၅) ကောငယ်လေးနှစ်ယောက်၏ ခါးချိတ်အဆောင်လေးများပျောက်ဆုံးမှု
သို့သော် ပိုင်လီက အသေးလေးတွေကို တော်တော်နှင့် ရှာမတွေ့ဖြစ်နေခဲ့ရ၏။
ထို့ကြောင့် သူရှာတွေ့ချိန်တွင်မူ မိုးဖွဲလေးများကစတင်ကျလာပြီဖြစ်ပြီး ရှာတွေ့သည့်နေရာကလည်း ရွာအပြင်က စပါးခင်းများကြားတွင် ဖြစ်နေခဲ့လေသည်။
ပိုင်လီက ရွှံ့ရေတွေပေနေတဲ့ အသေးလေးတွေကိုလှမ်းမြင်တာကြောင့် သူကပြေးသွားလိုက်ပါတယ်။
အဲဒီနားမှာက တခြားကလေးတွေလည်း ရှိနေပြီးအသေးလေးတွေက သူတို့အဖေကိုမြင်တော့ ထိတ်လန့်သွားသည့် ရုပ်လေးတွေဖြစ်သွားကျ၍ ရှောင်ဝူလေးဆိုလျှင် သူ့အစ်ကို၏နောက်သို့ပင် ဝင်ပုန်းသွားလေသည်။
ဒါကိုကြည့်ပြီး ပိုင်လီက ဒီကောင်လေးတွေမှာ တစ်ခုခုဖြစ်နေပြီမှန်း သိသွားပေမယ့် အခုကအချိန်ကောင်းမဟုတ်လို့ သူက ထိုကောင်လေးတွေကိုရွှံရေထဲကနေ ထုတ်ချီလိုက်ပြီး သူ့ကိုမျက်လုံးပြူးလေးတွေနဲ့ ဝိုင်းကြည့်နေကျတဲ့ တခြားကလေးတွေကိုလည်း ပြောလိုက်ပါတယ်။
"ရှောင်ဖူနဲ့ရှောင်ဝူကို ဦးလေးပြန်ခေါ်သွားတော့မယ် မင်းတို့လည်းပြန်ကျတော့နော် မိုးမမိစေကျနဲ့"
ထို့နောက် ပိုင်လီက အသေးလေးတွေကိုချီပြီး အိမ်သို့ပြန်လာခဲ့တော့ကာ သူတို့အိမ်သို့ပြန်ရောက်ရောက်ခြင်း၌ပင် မိုးက သည်းသည်းမည်းမည်း ရွာလာခဲ့လေသည်။
သူတို့သားဖတွေ မိုးမိဖို့လက်မတင်လေးပဲ လိုတော့တာပါ။
အိမ်ရှေ့တွင် ရှောင်ဟန်ကလည်း ထိုသားဖတွေ ပေါ်မလာသေး၍ စိတ်ပူကာ ထွက်စောင့်နေခဲ့ပြီး ရောက်လာကျတော့လည်း အသေးလေးတွေက ရွှံ့တွေပေရေနေသဖြင့် သူကမမေးဘဲမနေနိုင်တော့ဘဲ..
"ခင်ဗျား သူတို့ကို ဘယ်မှာတွေ့ခဲ့တာလဲ"
ရှောင်ဟန်က အသေးလေးတွေရဲ့ ကိုယ်ပေါ်က ရွှံ့တွေက ပိုင်လီနဲ့အတူ ဆော့လာတာဟုတော့ မထင်မိပေ။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်းမှာ သူ့ခင်ပွန်းက ကလေးတွေကို အလိုလိုက်တတ်ပြီး သူတို့သဘောအတိုင်း ဆော့ကစားပေးတတ်တယ် ဆိုပေမယ့်လည်း ဒီနေ့အခြေနေဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ သူ(ပိုင်လီ)ထွက်သွားတာကိုက မိုးရွာတော့မှာမလို့ အသေးလေးတွေကို သွားခေါ်တာလေ။ ဒါကြောင့် ဒီလိုမခြေနေမှာဆိုရင် သူက အသေးလေးတွေနဲ့ ရွှံ့ထဲမှာ ဆော့ကစားနေမှာမဟုတ်ဘူး။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ