အပိုင်း 14
နေရီ ဟွန်းတီးနေပေမဲ့ တံခါးလာမဖွင့်ပေးပေ...မေလေးအခုထိ မထသေးဘူးလား။ ညနေထိ အိပ်နေတာ ခေါင်းကိုက်တော့မှာဘဲ။အာ့... မေ့နေတာဘဲ သော့က အိတ်ထဲပါလာတာဘဲ။
"မေမေခနလေးနော်....."
မေမေကတရားမှတ်လာတာမို့ ခေါင်းသာညိတ်ပြသည်။
နေလေး တံခါးဖွင့်ပြီး ကားကို ခြံထဲ မောင်းဝင်လိုက်သည်။ပြီးတော့ တံခါးပြန်ပိတ်ပြီး မေမေ့ကို တွဲရသည်။မေမေက အသက်လည်း ကြီးလာတော့ အထိုင်ကြာတော့ အညောင်းမိပြီး တွဲထူရသည်။
မေမေ့ကို တွဲပြီး အိမ်ထဲဝင်မလို့လုပ်တော့မှ ခြံထဲမှာ မက်တပ်ရပ်နေတဲ့ မေလေးကို တွေ့လိုက်ရလေသည်။ အယ်...ခြံထဲမှာ ရှိနေပြီးတော့ ဟွန်းသံမကြားဘူးလားမသိ။ဘာတွေ အတွေးလွန်နေပြန်ပြီးလဲ မသိပါ။မေမေ့ကို အထဲပို့ပေးပြီးမှ မေးတော့မယ်။
"နေလေး...မေ့မေ့ကို အခန်းထဲကိုပို့ပေးတော့...ညနေစာ မေမေ မစားတော့ဘူး.. သီလယူလာတာမို့ ညနေ ဥပုဒ့်စောင့်လိုက်မလို့..ညီမနှစ်ယောက်ဘဲ စားကြတော့နော်.."
"ဟုတ်ကဲ့မေမေ.."
မေ့မေ့ကို အခန်းထဲ ပို့ပေးပြီး နေရီ ပြန်ထွက်လာလခဲ့သည်။အခုထိတိုင်အဲ့ဒီနားမှာ ရပ်နေတုန်းပင်။
"မေလေး.."
"....."
"မေလေး!.."
"အမလေး...ဘုရားကြွ!
"ဘုရားက ဘယ်မှမကြွဘူး ...အိမ်ထဲမှာ အေးအေးချမ်းချမ်း စံ နေတော်မူတယ်...မေလေစိတ်တွေဘဲ ဘယ်ကိုကြွနေတာလဲ....ဟွန်းသံ မကြားဘူးလား..."
"ကြားတယ်လေ ..."
"ကြားတယ်ဆိုပြီး မေ့မေ့ကိုလဲ လာတွဲမကူဘူး..."
"အဲ့ဒါက နဲနဲအတွေးများသွားလို့...."
"မဟုတ်တော့ဘူး ဘာတွေဖြစ်နေတာလဲ ...မျက်နှာကလဲ မှိုရထားတဲ့လူလို့ ပြုံးစိစိဖြစ်နေတာဘဲ..."
"ဟို....ဟို...အာ..အဲ့ဒီကိစ္စက မေလေး မပြောခင်.. နေလေးအရင်ပြောပြရမှာမဟုတ်ဘူးလား..."
"ဘာကိစ္စတုန်း..မေလေးကို မေးတာကို.. ဒီဘက်ကိုပြန်ပြီး မေးခွန်းထုတ်နေတယ်.."