မထင်မှတ်ပဲသူနဲ့တွေ့ဆုံခဲ့တယ်...
မထင်မှတ်ပဲသူနဲ့ရင်းနှီးခဲ့တယ်...
မထင်မှတ်ပဲသူနဲ့ရည်းစားတွေဖြစ်သွားတယ်...🦋သံသရာဘဝဇာတ်တိုင်းမှာဘယ်သူနဲ့မှမမြဲခဲ့ပေမဲ့ ကိုကိုနဲ့တော့မြဲချင်တယ်...
ချစ်တယ်
ဘေဘီ့ရဲ့စူပါမန်းကြီးကို🦋.......။
နေရောင်ခြည်ဖျဖျလေးက အခန်းပြတင်းပေါက်ကတဆင့် တိုးဝေ့ရိုက်ခတ်လာတယ်...
ကိုယ်မနိုးချင်သေးပေမဲ့ တေးသီကျူးနေတဲ့ငှက်လေးတွေက ကိုယ့်ကိုနှိုးလို့နေတယ်...
ပြတင်းပေါက်ကတဆင့်အလှတရားကြီးကိုခံစားမိတော့....
အင်း....လန်းဆန်းသွားပြီ.ကိုယ်လက်သန့်စင်မျက်နှာသစ်ပြီးတော့ အောက်ထပ်အရောက် ရုတ်တရက်ကြားလိုက်ရတာက လူကိုစိတ်မပျော်ရွှင်ဖြစ်စေခဲ့သည်...။
မကြားချင်ယောင်သာဆောင်၍ ထမင်းစားခန်းထဲသို့သွားမည်အပြု
အမေကလှမ်းခေါ်၍ အမေခေါ်ရာဆီ သွားထိုင်လိုက်ရသည်...။အမေ့မျက်နှာတွေသည်ကောင်းမနေခဲ့..
အဖေ့ထက်အမေ့ကိုသာပိုချစ်တဲ့သူမို့ အမေမျက်နှာလေးတစ်ချက် ညှိုးရုံနဲ့တင် ရန်နိုင်တို့ မနေတတ်တော့...
အဖေကတော့လား အေးဆေးပါပဲ။"သား..မာမီပြောစရာရှိလို့ သားကိုခနခေါ်လိုက်တာ ထမင်းစားမလို့ဆင်းလာတာဆိုရင် ခနနေမှအမေခူးပေးမယ်နော်။"
"ရပါတယ် မာမီပြောစရာရှိလို့လား"
မာမီ့၏မျက်နှာသည် ပျက်သထက်ပျက်နေခဲ့...။
"မာမီပြောမှာမဟုတ်ဘူး ဒယ်ဒီကပြောလိမ့်မယ်။"
"ဟုတ်ကဲ့ပြောပါ"
ပြောမည့်အကြောင်းအရာကိုလည်းသိသည်။
သို့ပေမဲ့ သူထပ်ကြားချင်သည် ဟင့်အင်း သူငြင်းဆိုရန်ထပ်ကြားချင်သည်..."မင်းရန်ကုန်မှာကျောင်းသွားတက်တော့ ရန်နိုင်"
သိပါတယ် ကျောင်းပြောင်းတက်ရမည့်ကိစ္စကို...။
"မပြောင်းချင်ဘူးဆိုရင်ရော"
"ကျန်တာတွေအကုန်လုပ်ပေးနိုင်သလောက် လုပ်ပေးလို့ရတယ်...ကျောင်းမပြောင်းဘူးဆိုတဲ့စကားကိုတော့ ဘာမှမလုပ်ပေးနိုင်ဘူး..."
"ဒီမှာပဲပျော်တယ်"
"မင်းပျော်ဖို့အဓိကမဟုတ်ဘူး ငါလုပ်ဆိုလုပ် သွားဆိုသွား အထွန့်မတက်နဲ့ မင်းကိုငါကမွေးထားတာ အဲ့တော့ငါပြောသလိုလုပ်"
"အရင်တည်းက အဖေပြောသမျှဘာငြင်းခဲ့ဘူးလဲ လုပ်ခဲ့တာပဲမလား ကျောင်းမပြောင်းတာတော့ လုပ်ပေးနိုင်မယ်ထင်တာပဲ ထပ်တူအနေနဲ့"
"လျှာမရှည်နဲ့ အဖေကကောင်းဖို့လုပ်တာ မင်းအနေနဲ့အထွန့်တက်စရာအကြောင်းတစ်စက်မှမရှိဘူး ရန်နိုင်...
အေမတက်ဘူးဆိုလည်း ငါကပို့မှာမို့ သွားရမယ်သာမှတ်ထား...
ငါ့အိမ်မှာနေတာ ငါ့စည်းကမ်းပဲ ဘာမှအကြောတွေလာမရှည်ကြနဲ့"ဒါပါပဲ လူရယ်လို့ဖြစ်လာပြီး ကျောင်းတက်စအရွယ်တည်းက ကိုယ့်အားကိုယ်ကိုးခဲ့ရတဲ့ကလေးအတွက် ဒါတွေကမဆန်းတော့ ကျောင်းတွေတစ်ကျောင်းပြီး တစ်ကျောင်းပြောင်းခဲ့ရလွန်းတော့လည်း လူကအတော်ငြီးငွေ့နေပြီ...
ကျောင်းတွေပြောင်းလို့ သူငယ်ချင်းရတယ်လို့ထင်ကြတယ်မလား...
နိုးနော် သူငယ်ချင်းဆိုတာ မွေးစကတည်းကပေါင်းတဲ့
ကျော်စိုးရယ် အဂ္ဂရယ်ကလွဲလို့မရှိ...
ဒါတွေကဘာကြောင့်လို့ထင်လဲ တစ်ဦးတည်းသော ဖခမည်းတော်ကြောင့်ပေါ့...တစ်ရက်တစ်ရက် စာကလွဲလို့ဘာမှလုပ်ချိန်မပေးခဲ့...
သူငယ်ချင်းတွေက ဆော့ဖို့လာခေါ်ရင်တောင် အဲ့သူငယ်ချင်းကို အကျင့်ပျက်တယ်မပေါင်းနဲ့လို့ ပြောပြီးကျောင်းထိတောင် လိုက်စောင့်ကြည့်နေခဲ့သည်...။အဖေ မချစ်ခဲ့သောအဖေပါပဲ...။
နည်းနည်းတော့ ရိုင်းရာကျပေမဲ့ ဇာတ်လမ်းတွေကိုကြည့်လိုက်စမ်းပါ။
ခင်များတို့တောင် စိတ်ညစ်သွားမယ်...။အမေ့မျက်နှာကိုကြည့်တော့ ဘာမှတောင်ပြောချင်စိတ်မရှိတော့ စားချင်စိတ်ပင်မရှိတော့ ထမင်းစားဖို့လာခဲ့တာမှန်ပေမဲ့ စကားတွေကြောင့် စားလို့ပင်မဝင်ချင်တော့...
အပေါ်ပြန်တက်ဖို့ ခြေလှမ်းတွေလှမ်းပြန်တော့ အမေက သားထမင်းမစားတော့ဘူးလားတဲ့...စားမဝင်တော့ဘူးအမေ စိတ်ညစ်လို့...။
..........။
တစ်ရက်ထပ်တစ်ရက် ပျော်စရာတွေကမရှိသလောက်ပါပဲ...
ဒီထပ်ပိုပြီးလည်းမနေချင်ပါဘူး ဒီအိမ်မှာ...
အမေ့မျက်နှာလေး တစ်ခုကြောင့်သာ နေနေတာပါ...
အမေ့ကို ဒယ်ဒီနဲ့စိတ်မချလွန်းလို့သာ...အမေ့ကိုကျောင်းအဆောင်ခေါ်နေပြန်လဲမရ...
ဟော အိမ်ငှားနေမယ်ဆိုလည်း ဖခမည်းတော်ကခွင့်ပြုမည်မထင်...
ဒီအိမ်ရဲ့ သခင်လိုဖြစ်နေတဲ့ အဖေရှိနေသရွေ့ ရန်နိုင်တို့သားအမိ ဒီတစ်သက် ပျော်ရွှင်ဖို့ရာ မဖြစ်နိုင်တော့...။~~~🌼
YOU ARE READING
𝐆𝐢𝐯𝐞 𝐌𝐞 𝐘𝐨𝐮𝐫 𝐅𝐨𝐫𝐞𝐯𝐞𝐫
General Fictionဘယ်သူတွေဘာပြောပြောအဓိကကျတာကချစ်နေဖို့ပဲမလား...🦋 ကိုကိုကစူပါမန်းဆိုရင်ဘေဘီကကိုယ်ကို့ရဲ့ကောင်လေးဖြစ်ပေးပါမယ်...🦋