Unicode
"မင်းနဲ့ ငါ အခန်းခွဲအိပ်မယ်"
တစ်ပတ်တိတိ ရှိပြီ ဒါသူပထမဆုံးပြောလာတဲ့စကား
"အင်း မင်းသဘော"
"ပြီးတော့ ငါတို့က စာချုပ်အရ ပတ်သတ်မှုပဲရှိတယ်ဆိုတာ မင်းမမေ့နဲ့ မင်းကိုငါ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး ဆိုတာ မြဲမြဲမှတ်ထား ကျောင်းမှာလည်း မသိချင်ယောင်ဆောင်ပေး"
"အင်းပါ"
ဒုန်း......................
တံခါးပိတ်သံနဲ့ အတူ ကျနော်နှလုံးသားလည်း တစ်စစီ
လွန်ခဲ့သော နေ့များဆီသို့....
"ဟျောင့် တည်ခန့်ဦး"
"ဘာလဲ "
"ဟ လေသံလည်းကွာ Bခန်းကို စော်သွားကြောင်ရအောင်ကွာ"
"စိတ်မဝင်စားဘူး လစ်"
"ဟ ချက်ချင်းကြီး အဲ့အတန်းက နာမည်ကြီး queen နော် စိတ်ကူးမလွဲနဲ့"
"ခဏ ဆောင်းထက်ဝတီဆိုတဲ့ တစ်ယောက်လား"
"ဘယ်လိုလဲ စိတ်ဝင်စားသွားပြီလား"
"အင်း"
"လာကွာ သွားရအောင် သားကြီးရာ"
ဒီလိုနဲ့ Bခန်းရှေ့အရောက်...
"ဟိတ် ဟိုတစ်ယောက်"
အတန်းရဲ့ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်...
"ကျနော့်ကို ပြောတာလား"
"အင်း လာခဲ့ဦး"
"ဘာကိစ္စရှိလို့ပါလဲ"
"ဒီအတန်းမှာ ဆောင်းထက်ဝတီဆိုတာရှိလား"
"ဆောင်းရဲ့အသိလား"
Yep စိတ်ထဲမှ ကြိတ်အော်မိသည်။ ဘာပဲဖြစ်ဖြစ် လမ်းစရပြီ
"အင်း သူ့ကိုခေါ်ပေးလို့ရမလား"
"ခဏဗျ ဆောင်း နင့်အသိတဲ့"
"ဟမ် ဘယ်သူကြီးလဲ"
"Leo "
ဒါကတော့ မိန်းကလေးတွေကြား နာမည်ကြီးတဲ့ ကျနော့်ရဲ့ nicknameလို့ ပြောရမလားပဲ။
"ဟုတ် ဒီက ဘာကိစ္စရှိလို့လဲရှင့်"
"ကိုယ်နဲ့ တွဲမလား"