Chapter 5

83 21 0
                                    

ဒီလိုနဲ့ နှစ်ယောက်သားက ဖေယွင် စောင်လေးကိုင်ပြီး ၀င်လာတဲ့အထိ အချင်းချင်းစိုက်ကြည့်နေကြတယ်..

"ကျိုးရိုရဲ့ အိပ်ရာက စိုနေတယ်တဲ့၊ အပေါ်ထပ်က ရေယိုနေတာနဲ့" ဖေယွင်က ရှင်းပြတယ် "ကျိုးရိုက ဒီနေ့ သားရဲ့အခန်းမှာ အိပ်လိမ့်မယ်၊ ထုံထုံ အိပ်ရာ ကူရှင်းပေးလိုက်ဦး"

ထုံထုံက အင်တင်တင်အူတူတူနဲ့ သူ့ရှပ်အင်္ကျီကြီး လက်ထဲကိုင်ထားရင်း ကျောက်ရုပ်ဖြစ်နေတယ်..

"ထုံ---"

"ရတယ် အန်တီ၊ ကျွန်တော့အခန်းက ဆိုဖာပေါ် အိပ်လည်းရတယ်၊ အိပ်ခန်းကလည်း နည်းနည်းပူတော့ ကျွန်တော်လည်း ဆိုဖာပေါ် အိပ်ဖို့ပဲ တွေးနေတာ" ကျိုးရိုက ထုံထုံ့ကို မျက်စိမှိတ်ပြလိုက်ရင်း သူလည်း ထုံထုံနဲ့ တူတူ အိပ်ချင်စိတ် မရှိတဲ့ပုံနဲ့ ပြောင်ပြလိုက်တယ်.. "မင်းကို ဒီည နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်၊ ငါက မင်းကို လာနှုတ်ဆက်ပြီး ပြန်တော့မလို့"

"မရဘူးနော်၊ အဲ့တာကို ဆိုဖာလို့ခေါ်လို့ ရလို့လား?" ဖေယွင်က မျက်မှောင်ကြုတ်လိုက်ရင်း "သားအခန်းက ဆိုဖာက အန်တီတို့ရဲ့ ဆိုဖာနဲ့တူတူလောက်ပဲကို၊ နှစ်ယောက်ထိုင်ဖို့တောင် ဒီလောက်ကြပ်နေတာ၊ အဲ့မှာ တညလုံး ထိုင်အိပ်နေဖို့များ တွေးထားတာလား?"

"ကျွန်တော် သိုင်းကျင့်နေတာ သိပ်မကြာသေးဘူးလေ အန်တီရဲ့၊ ကျွန်တော် တညလုံး ထိုင်ပြီး အိပ်နေလို့ရတယ်" ကျိုးရိုက ပျော်ပျော်ရွှင်ရွှင်ပဲ ပြုံးလိုက်ပြီး ပြန်ဖို့ပြင်တယ်.. "ကျွန်တော့ ဆိုဖာက ဖြုတ်လို့ တပ်လို့လည်းရတယ်.. ဖြုတ်လိုက်ရင် ပိုပြီး ကြီးသွားလိမ့်မယ်"

ထုံထုံက ခပ်ပေပေနဲ့ လှမ်းကြည့်တော့ ကျိုးရိုရဲ့ လက်ဖျံမှာ စည်းထားတဲ့ ပတ်တီးဖြူဖြူကို တွေ့တယ်..

"အဲ့ဆိုဖာက တကယ်ဖြုတ်လို့ရတယ်ပေါ့?" ဖေယွင်က အံ့ဩသွားတယ်..

"ဒါပေါ့! ဟိုနှိပ်ဒီနှိပ်လုပ်လိုက်တာနဲ့ ဖြုတ်လို့ရတယ်"

"အဲ့တာ---"

"မား.. သားကိုပေး" ထုံထုံက ‌အေးတိအေးစက်ပြောလိုက်ပြီး သူ့လက်ထဲက ရှပ်ကို ပစ်လိုက်ပြီး သူ့အမေ ပွေ့ထားတဲ့စောင်ကို ဆတ်ခနဲဆွဲယူလိုက်တယ်..

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now