Arc(12) ဟွေ့ရှောက်ရယ်(၁၁)။
လင်ခုံးလုစီးပွားရေးဇုံကကားပါကင်မှာကားကိုပါကင်ထိုးလိုက်ပြီးနောက်အနောက်မှဝှီးချဲကိုထုတ်ကာခရီးသည်တံခါးကိုဖွင့်ပြီးဟမ့်ခနဲလုပ်ကာမေးလိုက်သည်။
"မင်းကိုချီဖို့လိုလား။"ရှန်စစ်မျက်နှာမည်းတူးသွားကာအံကြိတ်ပြီးပြောလိုက်သည်။ "မလိုဘူး။"
ထိုသို့ပြောပြီးနောက်သူဝှီးချဲဆီခက်ခက်ခဲခဲရွှေ့သွားလိုက်ပြီးသူ့ခြေထောက်များကိုနေရာမှာတင်ထားခဲ့သည်။
လင်ခုံးလုရှေ့တိုးကာဝှီးချဲကိုတွန်းပေးရင်းဟမ့်ခနဲဆက်လုပ်လိုက်သည်။
"သွားမယ်၊ ငါမင်းကိုငါ့ပိုင်နက်ဆီအလည်အပတ်ခေါ်သွားမယ်။"ရှန်စစ်: "......"
သူတစ်ဖက်လူလျှောက်ရွှီးတာကိုဟာသလုပ်လိုက်ရုံလေးတင်ကိုတကယ်ကြီးလုပ်ဖို့လိုလို့လား။
*
လင်ခုံးလုသူ့ကိုပဥ္စမထပ်ဆီတည့်တည့်မတ်မတ်တွန်းသွားလိုက်ပြီး အဆင့်မြင့်စားသောက်ဆိုင်၏ပြတင်းပေါက်ဘေးမှာဝင်ထိုင်လိုက်သည်။
ရှန်စစ်ခေါင်းလှည့်ကာပြတင်းပေါက်အပြင်ကိုကြည့်မိတော့ရဲစခန်းအပြင်ကအခြေအနေကိုမြင်ရမှန်းသိလိုက်ရသည်။
သူအံ့အားသင့်သွားရသည်။ သူလင်ခုံးလုကိုပြန်ကြည့်ကာသံသယနှင့်မေးလိုက်သည်။
"ခင်ဗျားပြင်ဆင်ထားတာလား။"မဟုတ်ရင်ဘယ်လိုလုပ်ဒီလိုနေရာကောင်းမျိုးကိုဒီတိုင်းရွေးလို့ရမှာလဲ။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါဒီကိုပထမဆုံးရောက်ဖူးတာရယ်။"
ဗန်ပိုင်းယားစွမ်းရည်ကသူ့ကိုအကောင်းဆုံးနေရာတစ်ခုမြန်မြန်ရှာတွေ့စေရုံပဲ။လင်ခုံးလုမီနူးကဒ်ကိုယူကာသာမန်ကာလျှံကာဖြေလိုက်သည်။
ဟင်းပွဲအနည်းငယ်မှာပြီးနောက်သူအသံတိုးကာတီးတိုးပြောလိုက်သည်။
"အဲ့လူလူလုံးထွက်မပြလာခင်ခဏလောက်စောင့်ရလောက်တယ်။ အရင်စားကြစို့။"ထို့နောက်သူသူ့ကိုမီဒူးကဒ်ကိုကမ်းပေးကာပြောလိုက်သည်။
"မင်းဘာစားချင်လဲ။ ကိုယ့်ဟာကိုယ်မှာလိုက်။"
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့