အပိုင်း 16
နွေတစ်ခါမိုးတစ်လှည့်နဲ့ ၂နှစ်ဆိုတဲ့အချိန်ကာလကို ကျော်လွန်ခဲ့သည်။ထိုအတော့အတွင်းမှာတော့ အကြီးမားဆုံးအပြောင်းအလဲက မေလေးတို့ကို မေမေခွဲခွာသွားခဲ့တာပင်။
အခုအချိန်ထိ မေလေးတို့က ချစ်သူတွေ အဖြစ်နဲ့ရှိနေကြတုန်းပင်။အခုလို ဖြစ်ရတဲ့ အဓိက တရားခံက မေလေးပင်။မေလေးက ကျောင်းဆရာမတစ်ယောက်မို့ တွေးပူရတာတွေများလွန်းသည် ဒါကြောင့် ဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို စွန့်လွတ်ပြီး မောင့်ကို ရွေးချယ်ဖို့ အချိန်လိုအပ်ခဲ့သည်။
မောင်ကလဲ လက်ခံခဲ့သည်။ မောင်နဲ့ တွဲပြီးနောက်ပိုင်း မေလေးအတွက် မောင်က မရှိမဖြစ်လိုအပ်ချက်ဖြစ်လာခဲ့သည်။နေလေးတို့အတွဲ နဲ့လည်း အတိုင်အဖောက်ညီပြီး ပိုပြီးဗရုတ်ကျလာခဲ့သည်။
အခုလည်း မောင်တို့က သူတို့အိမ်ကိုတံခါးပိတ်ပြီး မေလေးတို့နဲ့ တူတူလာနေကြသည်။မေလေးလဲ ဆရာမအလုပ်ကို လက်လွတ်နိုင်ခဲ့ပြီးမို့ မောင့်ရဲ့ အိမ်ရှင်မတစ်ယောက်လုပ်ပြီး မောင့်ကို ပံ့ပိုးပေးမည်။
"နေလေး..မေနဲ့ မောင် ဘယ်သွားကြတာလဲ.."
မနက်အိပ်ယာနိုးကတဲက မတွေ့လို့ နေလေးကို မေးမိသည်။သွားမယ် လာမယ်ဆို မေလေးကို အမြဲပြောသွားကြကို အခုတော့ ဘာမှမပြောဘဲ မနက်အစောကြီးထဲက ဘယ်ကို ထွက်သွားလဲ မသိ။
"မသိဘူးလေ အခုဘဲ မေလေးကိုမေးမလို့ကို.."
"အယ်! ဒီနှစ်ယောက် ဘာပြသနာရှာအုန်းမလဲ မသိ.."
"ဟုတ်ပ မေလေးရေ ဒီမျောက်နှစ်ကောင်နဲ့ တို့လဲ မြန်မြန် ဆံပင်ဖြူတော့မှာ ဘဲ.."
အခုလိုဘာလို့ စိတ်ပူရလဲဆိုရင်အရင်နှစ်က မေ့ရဲ့ရန်ကုန်က အထည့်ဆိုင်ရဲ့ ဆိုင်ခွဲကို နှစ်ယောက်ပေါင်းပြီး ပိုကြီးတဲ့ဆိုင်ကို မေလေးတို့မြို့မှာစဖွင့်ခဲ့သည်။စစပြောင်းလာတဲ့အချိန်စကပြီး တဖြည်းဖြည်းနဲ့ အသိတွေ တိုးလာပြီး ၂ယောက်သား စီးပွားရေးအရဆိုပြီး တစ်ခါတစ်လေ သောက်ပြီးပြန်လာတတ်သည်။
သောက်ပြီးရင်လဲ ရိုးရိုးတန်းတန်း မပြန်လာဘဲ နှစ်ခွက်လောက်နဲ့ မှောက်လို့ သူများတွေ ပြန်ပို့ပေးရဲ့အထိပင်။မသောက်လဲ မသောက်နိုင်ဘဲ နဲ့ အရက်ဆို တအား တက်ကြွကြသည်။အဲ့တာကြောင့် သူတို့ အတွက် သီးသန့် ဒိန်ချဉ်ဘူးတွေ ဝယ်ထားပေးဖြစ်သည်။