"အား... ကျွတ်..ကျွတ်.."
မေတစ်ယောက်နှိုးလာတော့ တစ်ကိုယ်လုံးကိုက်ခဲနေလေသည်။ခေါင်တွေလဲ မူနောက်ပြီး လူက ချမ်းစိမ့်စိမ့်ဖြစ်နေလေသည်။
"နိုးပြီးလား မေ ဘယ်လိုနေသေးလဲ.."
"တစ်ကိုယ်လုံး ကိုက်ခဲနေတာဘဲ ပြီးတော့ ချမ်းစိမ့်စိမ့် ဖြစ်နေတယ် မေတော့ဖျားပြီးထင်တယ်.."
"မှန်းစမ်း..."
ချစ်ချစ်က မေ့နှဖူးကို စမ်းလာသည်။
"ကိုယ်လဲ မပူပါဘူး တို့စိတ်ထင် ညကကိစ္စကြောင့်ထင်တယ်.."
"ဘယ်ကိစ္စလဲ ဟင်.."
"မမှတ်မိဘူးလား ဟန်နီရဲ့..."
"ဟန်နီ..ဟန်နီ ဆိုတဲ့ အသံကိုတော့ မှတ်မိသလိုဘဲ..."
"မမှတ်မိရင် တို့ပြောပြမယ် ညက မေ မူးပြီး ပြန်လာပြီး တို့ကို လာ စ နေလို့ တို့လဲ စိတ်မထိန်းနိုင်တော့လို့ မင်္ဂလာဦးလိုက်တာ အဲ့တာကြောင့် နာနေတယ်ထင်တယ်လို့.."
"ရှင်!..ဒါဆို မေ က အစားခံလိုက်ရတာပေါ့......ဟီး.ဟီး..အမေရေ့ သမီးတော့ အရှက်ကွဲပါပြီး.."
"အယ် !..ဘာလို ငိုနေတာလဲ.."
ညနေက မင်္ဂလာဦးမယ်ဆိုပြိးခေတ်နဲ့ နှစ်ယောက်သား ရဲဆေးတင်ဖို့ သွားသောက်ကြပြီး ဒီည အပီအပြင် မင်္ဂလာဦးဖို့ပြင်ဆင်လာခဲ့ပါတယ်ဆိုမှ ကိုယ်က အစားခံလိုက်ရတဲ့အဖြစ်။
"ဟန်နီက တို့ကို မချစ်ဘူးလား..."
"ချစ်တယ်လေ.."
"အဲ့တာဆို တို့ကို ပေးရတာဘဲကို ဘာလို့ငိုနေတာလဲ.."
"ပျော်... ပျော်လို့ ...ဟီး. ဟီး.."
"ပျော်တာ ငိုစရာမှ မဟုတ်တာ......"
"မသိဘူး အခုက ရပ်လို့မရလို့..."
အဖြစ်ကဒီလို မနေ့ညနေက သူပြန်မလာသေးလို့ ဧည့်ခန်းထဲ ထိုင်စောင့်နေတုန်း ယိုင်တိ ယိုင်တိုင်နဲ့ အိမ်ထဲ ဝင်လာလေသည်။
"ဘယ်ကပြန်လာ တာလဲ မေ သွားမယ် လာမယ်ဆို တို့ကို ပြောသွားလို့ ပြောထားတာကို.."