1

113 22 0
                                    


*

*

တိတ်ဆိတ်ငြိမ်သက်သော ညနက်အလယ်တွင် လူတစ်ယောက်မှာချွေးများရွဲစိုနေပြီး၊သူ၏
နှုတ်ခမ်းဖျားတို့မှာ တုန်ယင်ကာနေလေသည်။လက်တို့က ဖြူလွှသောအိပ်ယာခင်းတို့အား ကြေမွအောင်ထိဆုပ်ကိုင်ကာဆွဲညှစ်ထားရင်း တီးတိုးရေရွတ်နေမိသည်။

"မသွား....မသွားပါနဲ့...."

"ကိုယ်..  ကိုယ် မှားပါတယ်....ကိုယ်"

အိမ်မက်ထဲတွင် သူရှေ့တည့်"တွင်ရပ်နေသည့် ကောင်လေးမှာ ၊ သူ့အားအပြုံးမမည်သောအပြုံးလေးအား နှုတ်ခမ်းဖျားတွင်လှစ်ဟာပြလာပြီး ။

"ကောင်းကောင်းရှင်သန်သွားနော်"

စကားဆုံးသည်နှင့် ထိုကောင်လေးမှာ ဆေးရုံထပ်ခိုးပေါ်က ခုန်ချသွားလေသည်။ မြင်လိုက်ရသည့် အခြေအနေကြောင့် မင်ဟျောင်းမှင်သေ သွားကာ အသံနက်ကြီးဖြင့် အော်မိတော့သည်။

" မဖြစ်ဘူး!!!"

သူ လန့်နိုးလာကာ ထ ထိုင်မိသည်နှင့် ဘေးဘယ်ဝေ့ကြည့်မိတော့ သူ့အခန်းတွင်ဖြစ်သည်၊ သူ သက်ပြင်းအသာချကာ မျက်နှာအား သူ့လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း ဆံပင်တို့အားဖွလိုက်သည်။

"ဘာ အိမ်မက်ကြီးလဲကွာ"

သူ ညည်းညူရင်း အိပ်ယာကထပြီး စားပွဲပေါ်က နာရီအားကြည့်မိတော့ 4:30ပဲရှိသေးသည်၊ညစဥ်တိုင်း ထိုအိမ်မက်အား မက်နေသည်ဖြစ်ကာ၊ သူလန့်နိုးလာတိုင်းလဲ 4:30ဝန်းကျင်ပင်။ ခြေလှမ်းကျဲကြီးများဖြင့် သူရေချ်ိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်ပြိီးသည်နှင့် အဝတ်ဗီဒိုထဲမှ သူနှင့်သင့်တော်မည့်အဝတ်အစားတို့အားရွေးချယ်ကာဝတ်ဆင်လိုက်သည်၊ ထို့နောက် ည မအိပ်ခင်ထဲကပြင်ဆင်ထားသည့် ဇာတ်လမ်းမှဇာတ်ညွှန်းအားထိုင်ဖတ်နေလိုက်သည်။ သူ သရုပ်ဆောင်လုပ်လာသည်က 8နှစ်နီးပါးရှိကာ၊သူအနုပညာလုပ်ငန်းထဲစဝင်တုန်းက ကလေးသရုပ်ဆောင်အဖြစ်ကနေစတင်ဝင်ရောက်လာခဲ့သည်၊မိသားစုအရှိန်အဝါကြောင့်ရော သူရဲ့ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်တို့ပါ ပေါင်းစပ်ထားတော့ အနုပညာအသိုင်းအဝိုင်းကြားတွင် သူကအတော်လေးအရေးပါလှသည်။

You've reached the end of published parts.

⏰ Last updated: Aug 21 ⏰

Add this story to your Library to get notified about new parts!

DREAMSWhere stories live. Discover now