(unlimited school ရဲ့ season 2ပါဗျ။)
.........
Ch 1
ဖေဖေချိန်းဆိုထားတဲ့ နေရာကိုလွန်းရိပ်ရောက်တော့ ဖေဖေနဲ့အတူ လူတစ်ချို့ကိုတွေ့လိုက်ရသည်။
"ဖေဖေသားကိုမလွမ်းဘူးလား"
ချွဲစိန်လေး လွန်းရိပ် ဖေဖေ့ရင်ခွင်ထဲ ပစ်ဝင်လိုက်ကာ တစ်ရွှတ်ရွှတ်နဲ့ပါးတွေကိုနမ်းနေသည်။
"ဖေဖေ့အချွဲလေးကအရင်တိုင်းဘဲကွာ"
လွန်းရိပ်ဖေဖေ့ပေါင်ပေါ်ထိုင်ရင်း သူဝင်လာကတည်းက တစ်ချက်သာ ကြည့်လာသူကို ပြန်ကြည့်လိုက်သည်။
"လွန်းလေး မမှတ်မိတော့ဘူးလား"
"ဟင်ဘယ်သူလဲ"
"လွန်း ကိုကိုလေ"
ဟမ်။ လွန်းရိပ်မှာကိုကိုရှိတာလား။
ကြောင်တောင်တောင် ဖြစ်သွားတဲ့ မျက်နှာလေးကိုကြည့်ကာ ဖေဖေရယ်လိုက်ရင်း တစ်ဖက်လူကိုနှုတ်ဆက်ပေးသည်။
"ခွန်းစက်သခင်လေ"
"ဖေဖေခွန်းရဲ့သားလား!!"
"အင်း"
ဖေဖေခွန်းဆိုတာ ဖေဖေ့ရဲ့ ချည်နှောင်သူ။ လွန်းကိုမွေးပြီးတော့ ဖေဖေခွန်းရဲ့အလုပ်တွေက မသမာတဲ့အလုပ်တွေဆိုတာဖေဖေကသိသွားတာလေ။
နောက်တော့ပြဿနာတွေဖြစ်ကြပြီး ဖေဖေတို့၂ယောက် လမ်းခွဲလိုက်တာ။
ကိုကိုခွန်းစက်က ဖေဖေခွန်းရဲ့သား။ ဖေဖေနဲ့ကွဲပြီးတော့ သူ့အလုပ်တွေကို ဆက်ခံဖို့ ကလေးယူလိုက်တာ။ကိုကိုက ဖေဖေနဲ့အရမ်းတူတယ်။ မျက်လုံးချွန်ချွန်တွေနဲ့ နက်မှောင်နေတဲ့မျက်လုံးတွေက အရမ်းကိုအေးစက်သယောင်။ တစ်ခေါင်းလုံးကို အဖြူရောင်ဆိုးထားတဲ့ ကိုကိုက ငယ်ငယ်ကနဲ့အများကြီးကွာခြားသွားသည်။
"ဟယ်လို~ကိုကို.."
ခွန်းစက် မျက်လုံးချင်းဆုံလိုက်တော့ ထိုအလှလေးက လန့်သွားပြီး ဖေဖေ့ရင်ခွင်ထဲပြန်ဝင်သွားတယ်လေ။
"ဟတ်!"
သူကိုကြည့်ရင်းရယ်လိုက်တာမို့ ခုနကကြောက်နေတဲ့စိတ်လေးကပျောက်သွားပြီး နှုတ်ခမ်းလေးစူလာတော့သည်။
အသဲယောဖို့ကောင်းလွန်းသည်။
"ကိုကိုက အမေရီးကားကနေ အခုမှ ပြန်လာတာပြီးတော့ ကျောင်းလည်းနားထားတာလေ။ အခုကျောင်းတက်ချင်လို့ လွန်းနေတဲ့ကျောင်းကို ပြောင်းမလို့ ဖေဖေ့ဘေဘီလေးကဘဲ ကိုကို့ကို စောင့်ရှောက်ပေးအုံးနော်"
"ဟွန့်။ပြီးရော"
..
မခေါ်ချင်ဘဲ ဆောင့်အောင့်နေပြီး အခုထိစူပုပ်နေသူက သူ့ကိုတောင်လှဲ့မကြည့်ဘဲ အဆောင်ကို မြန်မြန်သွားနေသည်။
"လွန်းရိပ်"
ခပ်အောအောနဲ့ အနည်းငယ်လူကြီးဆန်တဲ့အသံကြောင့် လွန်းရိပ်ရပ်သွားကာ လှည့်ကြည့်လာသည်။
"ကိုယ့်ကို ဒါကူသယ်လာအုံး"
အဲ့တာက လွန်းရိပ်အတွက် ဖေဖေခွန်းထည့်ပေးလိုက်တဲ့ မုန့်တွေ။
"ဟွန့်!ဒီတစ်ခါဘဲနော်"
"ဟား အင်းပါကွာ"
အိတ်ကိုမနိုင့်တနိုင်ဆွဲကာ သူနေရမဲ့နေရာကိုလိုက်ပို့သည်။
"မျက်နှာချင်းဆိုင်အခန်းက လွန်းရိပ်နေတာ။ကိုကိုလိုအပ်တာရှိရင် ဖုန်းဆက်လိုက်နော်"
"အင်း"
ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး အခန်းထဲကျန်ခဲ့တဲ့ရနံ့မွေးမွေးလေးကို ရှုရှိုက်လိုက်သည်။
ဖေဖေကပြောခဲ့တယ်။လွန်းရိပ်ကို သုံးယောက်တောင်ချည်နှောင်ထားတာတဲ့။
ဘယ်လောက်လှလှစိတ်ထဲတောင်မထည့်တတ်တဲ့ wish ခွန်းစက်သခင်လိုကောင်က လွန်းရိပ်ကို မြင်မြင်ချင်း သိမ်းပိုက်ပြီး သော့ခတ်ထားချင်တဲ့စိတ်တွေထကြွလာခဲ့သည်။
သူကဖေဖေခွန်းရဲ့သားမို့ ဖေဖေ့ဗီဇကအပြည့်။
ဖေဖေလွန်းတစ်ယောက်တည်းကိုသာ အတ္တဆန်ဆန်ချစ်တတ်တဲ့ဖေဖေခွန်းက သူ့ကိုမွေးပေးတဲ့ မေမေကိုတောင် ဖေဖေလွန်းစိတ်ဆိုးမှာစိုးလို့ သတ်ပစ်လိုက်တဲ့အထိ။
သူလည်း လွန်းရိပ်ကိုမြင်တော့ ချည်နှောင်ထားတဲ့ သူ၃ယောက်ကို လွန်းရိပ်အနားကဆွဲထုတ်သတ်ပစ်ပြီး သူတစ်ယောက်တည်းနေရအောင် လုပ်ပစ်ချင်သည်အထိ။
"ဟားဟားဟား ကိုယ့်လွန်းရိပ်က ပြုစားနိုင်လွန်းတာဘဲကွာ။"
သွားစွယ်ချွန်ချွန်တွေအပေါ် လျှာသတ်ရင်း အခန်းထဲတဟားဟားရယ်ကျန်ခဲ့သူကတော့ ယုန်ပေါက်လေးကို ကျားတွေအနားကဆွဲဖို့ စီစဉ်နေပြီ။
။။။။
1မှတ်တန်နောက်တစ်ပုဒ်။
YOU ARE READING
UnLimited relationship 💰💵
Short Story18နှစ်အောက်မဖတ်ရ။ ဇာတ်လမ်းပါအကြောင်းအရာတွေက စာရေးသူစိတ်ကူးပါ။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။