ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၄၀) : ကိုယ်ခွဲရှစ်ခု
ဝူဟုန်က အမှန်တကယ် အံ့အားသင့်နေမိ၏။ သူ့ ကောင်လေးသည် ပါရမီထူးကဲကာ စွမ်းဆောင်ရည်ရှိမှန်း သိထားခဲ့သည်။ ရံဖန်ရံခါတွင် သူမက သူ့ကြောင့် အံ့ဩမိသလို ဂုဏ်ယူရ၏။ သို့သော် ယနေ့တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် သူမသည် စကားဖြင့် ဖော်မပြနိုင်လောက်အောင် အံ့အားသင့်သွားမိသည်။ သူမက သူ့အား ကြည့်နေရင်း အောက်နှုတ်ခမ်းကို အသာကိုက်လိုက်သည်။
ဝမ်ဝေ့က သူ့ဇနီး၏ မျက်ဝန်းမှ အကြည့်ကို သတိထားမိ၏။ သူက ပြုံးလိုက်ကာ သူတို့နှစ်ဦးက အရှက်မရှိဘဲ ညစ်ပတ်ပတ်အရာများကို လုပ်လိုက်ကြသည်။ ထို့အပြင် သူမက သူ့ကို ဦးဆောင်ခွင့်ပေးသည့်အခါ သူက ပိုမို အရိုင်းဆန်လာ၏။ သူက ဆွဲဆောင်မှုအတွင်း သူ့ကိုယ်သူ ပျောက်ဆုံးလုနီးပါးအထိ ဖြစ်သွားခဲ့သည်။
ဝမ်ဝေ့က ဝူဟုန်ကို ပွေ့ဖက်ရင်း လဲလျောင်းနေသည်။ သူက အပြင်းထန်ဆုံး လေ့ကျင့်ခန်းကို လုပ်လာသကဲ့သို့ အသက်ပြင်းပြင်း ရှူရှိုက်နေရ၏။ အိပ်ယာက သူ့အနေဖြင့် မောပန်းနွမ်းနယ်ခြင်းကဲ့သို့သော အရာများကို ခံစားရသည့် အရာတချို့ထဲမှ တစ်ခုဖြစ်၏။
မိနစ်ပိုင်းကြာ အသက်ရှူနှုန်း ထိန်းညှိပြီးသည့်နောက်တွင် သူမကို မေးလိုက်သည် " ကိုယ့်လူဝင်စားတွေက ဘာလို့ စမ်းသပ်ချက် မဖြတ်ကျော်ရတာလဲလို့ စဉ်းစားနေတာ"
" သမာသမတ်မကျတဲ့ လမ်းစဉ်အတွက် တားမြစ်ချက်တွေ အများကြီးရှိတယ်လေ။ လူဝင်စားအားလုံးက စမ်းသပ်ချက်ကျော်ဖြတ်ရမယ်ဆိုရင် မတရားဘူး ဖြစ်သွားမှာပေါ့"
" အဲလိုဆိုတော့ အဓိပ္ပာယ်ရှိသား" ဝမ်ဝေ့က သုံးသပ်လိုက်၏ " သမာသမတ်လမ်းစဉ်က တစ်ခါတည်းပဲ လုပ်လို့ရတယ်လို့ ထင်တယ်။ သူတို့က ပြန်လည်ဝင်စားတိုင်းမှာ ပြန်လုပ်ဖို့ မလိုဘူး။"
နှစ်ဦးသားက စကားစမြည် ပြောပြီးသည့်နောက်တွင် သူတို့ကိုယ်ပိုင် ကိစ္စများလုပ်ဆောင်ဖို့ ထွက်ခွာသွားကြသည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို စမ်းသပ်ကြည့်လို၏။