အခန်း(၆၄၁)

19 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၄၁) : အချိန် စားသုံးခံရခြင်း

တိထျန်းလား...

ဤသည်က ဝမ်ဝေ့၏ ပထမဦးဆုံးအတွေး ဖြစ်၏။ ထိုသူက ဂိုဏ်း၏ သခင့်အရိပ်နည်းစနစ်ကို သိထားသည့်အတွက် ဝမ်ကျူနှင့် ယှဉ်နိုင်သည့် အားအကောင်းဆုံး အရိပ်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။ သို့သော်လည်း ဝူဟုန်က သူ့ကို စည်းပိတ်ထားသည့်အတွက် ထိုဖြစ်နိုင်ချေကို ငြင်းပယ်ခဲ့သည်။ ထိုနည်းစနစ်က သီးသန့်လိုအပ်ချက် တချို့ရှိထားပြီး သူ စည်းပိတ်ခံထားရသည့်အတွက် လိုအပ်ချက် မပြည့်မှီတော့ပေ။

ထိုဖြစ်နိုင်ချေကို ရှင်းထုတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း လွတ်လာမည့်အချိန် ကျရောက်လာကြောင်း သဘောပေါက်သွားသည်။ သူက ဝင်ခွင့်အမှတ်အသားပြားကို ရယူဖို့ ရှင်းလင်းရေးတွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကာ နောက်ဆုံးတိုက်ပွဲတွင် တိုက်ခိုက်လိမ့်မည်။

ယခုမှစ၍ သူသည် အင်အားနှင့် အတွေ့အကြုံအရ ယှဉ်နိုင်သူတစ်ယောက်ရှိလာပြီ ဖြစ်၍ စိတ်အေးလက်အေး မရှိနိုင်တော့ပေ။

" သူမကို သွားတွေ့လိုက်ဦးမယ်"

" ကျွန်တော်ရော လိုက်ခဲ့ရဦးမလား"

" ရတယ်။ ဆက်ပြီးတော့သာ ကျင့်ကြံနေလိုက်"

ဝမ်ဝေ့က ဝမ်ကျူ အားပြန်ဖြည့်နေသည့် ကမ္ဘာငယ်လေးအတွင်း ဝင်ရောက်လာခဲ့သည်။ သူမကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းက ပျောက်ကွယ်သွားပြီဖြစ်ကာ ကျန်တစိတ်တပိုင်းက ထိုသို့ဖြစ်လာခြင်းမှ တားဆီးနေရဟန်ပေါ်သည်။ သူမက အသက်ကယ်ဖို့ အာရုံစိုက်လွန်းထားသည့်အတွက် သူ့တည်ရှိမှုကိုပင် မတုံ့ပြန်နိုင်ပေ။ ကံကောင်းစွာဖြင့် သူက အစီအရင်ကို ဝင်ရောက်နိုင်စွမ်း ရှိသည့်အတွက် အားသုံးဖို့ မလိုအပ်ခဲ့ပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVNơi câu chuyện tồn tại. Hãy khám phá bây giờ