အပိုင်း ၁

1K 129 12
                                    

ချစ်ခြင်းမေတ္တာကို တယုတယဖွဲ့နွဲ့ပြရမယ်ဆိုလျင် စီးကရက်ညှပ်ထားတတ်တဲ့ လက်ဖမိုးပေါ်က မှဲ့ကလေးလို့ တင်စားရမယ်ထင်ပါသည်။

*****

'' နွားနို့စစ်စစ် တလီတာ ၂၀၀၀ ၊ စမိုင်တပွဲ ၁၅၀၀ ၊ ဂတ်စ်ဖြည့်သည် ၊ အဝတ်အငှားလျော်သည် ''

အသံထွက်အောင်ဖတ်ပြီး ငုတ်တုတ်ထိုင်နေသော အဘိုင့်ကိုကြည့်လိုက်သည်။

'' ဘာလဲ သခွား ''

'' ပိုက်ဆံထားစရာနေရာရော ရှိသေးလား ''

'' အလုပ်ဟူသမျှ ဂုဏ်ရှိစွ..  တဲ့။ ငါ့မှာအလုပ်ရှိတယ် နင့်မှာအလုပ်ရှိလား ''

'' အေးလေ အလုပ်လုပ်လွန်းလို့။ ပိုက်ဆံတွေ ထားဖို့နေရာ ရှိသေးရဲ့လားလို့ ''

အဘိုင်က အသက်သုံးဆယ်လောက်တော့ရှိပြီ။ ဒါ​တွေက  သူ့အဖေအလုပ်တွေ။ သူ့အဖေသေတော့ အဘိုင်လုပ်တယ်။

'' ရပြီ ''

'' ဘယ်လောက်လဲ ''

'' ၆၀၀၀ ''

'' ဘာပြောလိုက်တယ် ''

'' ၆၀၀၀ ''

''  ဒီသေးသေးလေး သုံးဘူးကိုလေ ''

'' အသစ်တစ်ဘူးကို ၄၉၀၀ ရှိတယ်။ ဖြည့်ရင် တစ်ဘူးကို ၂၀၀၀ ''

ဟိုက်ရှားဘား။

ဗယာကြော်သေးသေးလေးတွေနဲ့ စမူဆာသေးသေးလေးတွေကို ဆီအိုးထဲထည့်နေတဲ့ အဘိုင့်မိန်းမက သူနှင့်အကြည့်ချင်းဆုံသွားတော့ ပြုံးပြသည်။

'' ရော့ ''

'' အိမ်ကို တန်းတန်းမတ်မတ် ပြန်နော် သခွား။ ငါကြည့်နေမှာ ''

'' ဦးတရုတ်ကြီးဆီ ဝင်ရဦးမယ် ''

'' ဘာလုပ်လဲ ''

'' ကြက်ဥဝယ် ''

.
.
.
.

'' ဒါက ၄၅၀ ၊ ၄၈၀ ၊ ၅၉၀ ၊ ၆၅၀ ။ ကြိုက်တာယူ သခွား ''

ခရမ်းရောင်နှင်းဆီတစ်ပွင့် ရောင်းရန်ရှိသည်Where stories live. Discover now