Trigger warning: As the title itself, this one-shot is going to be a super duper cringe one. So, don't bother reading it if you don't like this kinda genre.
--🎀--
နှင်းဆီနီတို့၏ မစူးမရဲ စိမ်းမြမြရနံ့တို့သည် စျေးကြီးလွန်းသည့် ကမ္ဘာကျော်ရေမွှေးနံ့တို့အား ကျော်လွန်ကာ လတ်လတ်ဆတ်ဆတ်သင်းပျံ့နေ၍ နှစ် ၁၀၀ ခန့်သက်တမ်းရှိမည့် နီရဲရဲဝိုင်တို့ လှပသေသပ်စွာ နေရာယူထားေသာ တန်ဖိုးကြီးဝိုင်ခွက်တို့၏ တီးတိုးပွတ်တိုက်သံအချို့သာ ကြားရနိုင်သည့် အထက်တန်းဆန်ဆန် သီးသန့်နေရာတစ်ခု။ပွဲသို့တက်ရောက်လာကြသူများမှာလည်း ပြည်တွင်းပြည်ပ၌ အနည်းဆုံးလုပ်ငန်းကြီး ၃ ခုနှင့်အထက် ဦးစီးထားကြသော လုပ်ငန်းရှင်များသာဖြစ်ကြ၍ နိုင်ငံ့အကြီးအကဲဝန်ကြီးအချို့၏ သားသမီး၊ ဆွေမျိုးနီးစပ်များပင် ပါဝင်ကြသည်မှာ သာမန်လူတို့အတွက် အမှန်ပင်ထူးဆန်းလွန်းနိုင်ပေသည်။
လူအများသွားလာနေကျ ကလပ်၊ ဘားတွေမှာလို လျှပ်တဖြတ်ဖြတ်လက်နေခြင်းမျိုးမဟုတ်ပဲ စနစ်ကျစွာတပ်ဆင်ထားသော အလှသုံးမီးတို့မှာ ပွဲအတွင်းသို့ခြေချလိုက်သည်နှင့် ရင်သပ်ရှုမောဖွယ်ရာ ပဏ္ဏာတစ်မျိုးဖြစ်လို့နေသည်။
ထိုများစွာသော အထက်တန်းလွှာလူတို့၏ တစ်ခုတည်းသော အာရုံစူးစိုက်ရာလေးသည်တော့ မူပိုင်ရှင်၏နံဘေးတွင် ကြွားကြွားထည်ထည် လှပစွာရှိနေလေသည်။
" ဟို..အစ်ကိုရှင်းမ်ဂျယ်ယွန်း ညီမနဲ့ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ေပးလို့ရမလားဟင်"
" ဟုတ်ကဲ့ ရတာပေါ့ဗျ.."
" အမေ့-!"
အားကြိုးမာန်တက်မတ်တပ်ထရပ်ဖို့ပြင်လိုက်တဲ့ ဂျယ်ယွန်းကလေးမှာ အားနဲ့ဆောင့်ဆွဲခံလိုက်ရတာမို့ နဂိုထိုင်နေကျနေရာလေးဆီ ဘုတ်ခနဲပြုတ်ကျသွားရလေသည်။ ရှက်ရှက်နဲ့ဒေါသကလေးပါ ထွက်သွားသည့် ဂျယ်ယွန်းလေးက မျက်စောင်းကလေးခဲကာ သူ၏ ဆံပင်ကောက်ကွေးလေးတွေ လေထဲမှာဝဲခါသည်အထိ လှည့်ကြည့်လိုက်သည်ကိုပင် တစ်ဖက်လူက အတော်လေးသဘောခွေ့နေဟန် ပြုံးရွှင်လို့နေသည်။