အချိန်တွေက တစ်နှစ်တိတိပြည့်လာခဲ့သလို နွေနှင့်ဆွေးတို့ကလည်း သံယောဇဉ်တွေပိုမိုချည်နှောင်ကာ ချစ်မိနေခဲ့ကြသည်။ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ရန် နွေကပြင်နေသလို နွေ့အသိုင်းအဝိုင်းတွေဝင်နိုင်ရန် ဆွေးဟာလည်း ပါရဂူဘွဲ့ယူဖို့ စာလုပ်ရင်း တစ်ဖက်ကလည်း သလဲကုန်းမှာ တာဝန်ထမ်းလျက်။
နွေကတော့ ဆွေးတောင်းဆိုချက်ကြောင့် တစ်ပတ်မှသုံးခါသွားတွေ့တော့သည်။ ဆွေး စာကြည့်ချိန်ပျက်မှာလည်း နွေစိုးရိမ်ပါသည်။ ဖုန်းကတော့ နေ့တိုင်းခေါ်မြဲ။ ဆွေးမသိသည့်စာတွေကိုလည်း နွေကရှင်းပြမြဲပင်။
" မင်းဘုန်း...ဒီနေ့ဂျူတီချိန်ရှိလား"
" မရှိဘူး ဒယ်ဒီဗျ"
" နစ်ကီရော"
" ကျွန်တော်က ညဂျူတီဗျ"
" ဒါဆို ညဂျူတီကို တစ်ယောက်ယောက်နဲ့အစားထိုးခဲ့ သွားစရာရှိတယ်"
" ဘုန်းမြတ်ရော"
" မနက်ဂျူတီဗျ ဒယ်ဒီ"
" ဟုတ်ပြီ ဟန်နီရော"
" နေ့လယ်လူနာတစ်ယောက်ပဲကြည့်ရမှာ ဒါလင်"
" နွေ....ဒီနေ့ဂျူတီချိန်ရှိလား"
" ဒီနေ့ကညနေ၄နာရီထိရှိတယ် ဒယ်ဒီ"
" ဒါဆို ၄နာရီပြီးတာနဲ့ အကုန်အိမ်တန်းပြန်ခဲ့ တစ်မိသားစုလုံးသွားစရာရှိတယ်"
" ဘယ်ကိုလဲ ဒယ်ဒီ သားတို့ဘယ်သွားကြမှာလဲ"
အငယ်ကောင်စကားကို ဒေါက်တာမြတ်မင်းအောင်က" ဒယ်ဒီ့မိတ်ဆွေ Gold star hospital ဆေးရုံပိုင်ရှင်ရဲ့ သမီးလေ သူဆယ်တန်းဖြေတာ ၆ဘာသာပါတာတဲ့ ဂုဏ်ပြုပွဲလုပ်မှာ အကုန်လုံးကိုဖိတ်ထားတယ်...မသွားလို့လည်းမကောင်းဘူး...ပြီးတော့ သူ့သမီးကဆေးကျောင်းတက်မှာဆိုတော့ ဒယ်ဒီက အကုန်လုံးကိုမိတ်ဆက်ပေးချင်တယ် အထူးသဖြင့် နွေ့ကို အဲ့ကလေးမလေးက နွေ့ကိုအားကျတာတဲ့ နွေနဲ့တွေ့ချင်တယ်လို့ပြောတာ"
" ဟုတ်ကဲ့"
" အိုကေ...ဒါဆို အကုန်ပြင်ထားကြပေါ့ ညနေ ၆နာရီဆိုတာနဲ့ သူတို့အိမ်သွားကြမယ်နော်"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။