Part 1

7.1K 12 0
                                    

နိဒါန်း။

တစ်ခုခုတော့မှားနေပြီလို့ သူမသိလိုက်သည်။

ခါတိုင်းလိုမဟုတ်ဘဲ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

မုန်တိုင်းမလာခင် တိတ်ဆိတ်ခြင်းမျိုးလား။

တိတ်ဆိတ်ခြင်းဟာ မုန်တိုင်းရဲ့အစပဲလား။

စိုးယုမော်တစ်ယောက် ခေါင်းခြောက်အောင်ပဲ တွေးတောနေမိပါသည်။

မဟုတ်သေး။

အခြေအနေက သူမကြိုက်နှစ်သက်သော အနေအထားမျိုးတော့ လုံးဝ (လုံးဝ)မဟုတ်ပေ။

စိုးယုမော် တစ်စုံတစ်ရာကို အပူတပြင်းသိလိုစိတ်ပြင်းပြလာပြီး သူမခြေလှမ်းများက အိမ်ထဲခန်းရှိရာဖက်ဆီကို တရွေ့ရွေ့ချဉ်းကပ်လာခဲ့ပါသည်။

၁။

စိုးယုမော်က ဒီအိမ်ကြီးမှာ ကပ်နေသူဖြစ်သည်။

ဒီအိမ်ရဲ့အရှင်သခင်မက ဒေါ်မွန်မွန်ကျော်။

သူ့ယောက်ျားက စီးပွားရေးလောကမှ နာမည်ကြီးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။ ကုမ္ပဏီသုံးလေးခုမကပိုင်သည်။

သူ့နာမည်က ဦးညီဂျော်တဲ့။

စိုးယုမော်အသက် ၁၂နှစ်သမီးအရွယ်လောက်ကစ၍ အဒေါ်ရင်းဖြစ်သူက သူမ၏ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးဖြစ်သည့် ဒေါ်မွန်မွန်ကျော်ဆီ အိမ်အကူလုပ်ရန်ဟုဆိုကာ ပို့ဆောင်ပေးခဲ့ပြီး သူမဘဝတစ်ဆစ်ချိုးကိုပြောင်းလဲစေခဲ့သည်။ ဒေါ်မွန်မွန်ကျော်က သူမကိုဆွေမျိုးအရင်းအခြာနှင့်မခြား နွေးထွေးမှုပေးခဲ့ပြီး အလုပ်ချိန်အလုပ် နားချိန်နား စည်းကမ်းတကျ အဆင့်အတန်းရှိစွာနေတတ်ထိုင်တတ်ဖို့ရာ သွန်သင်ညွှန်ပြပေးခဲ့သည်။ ပြောရလျှင် သူမက စိုးယုမော်ရဲ့အမေမဟုတ်သော်ငြားလည်း အမေနှင့်မခြားပါပေ။

ဦးညီဂျော်ကတော့ လူတစ်မျိုး။ သူက အမြဲတစေ အိမ်မကပ်ဘဲ အရပ်ရပ်အနယ်နယ် မြို့ကြီးပြကြီးမှသည် တောစွန်တောင်ဖျားမကျန် စီးပွားရေးကိစ္စအကြောင်းပြု၍ လှုပ်ရှားသွားလာနေတတ်သူဖြစ်ရာ စိုးယုမော်နှင့်တစ်ခါတစ်ရံ သူအိမ်ပြန်အနားယူချိန်မျိုးမှသာ ဆုံတတ်ပါသည်။

အိမ်ဖော်မလေးWhere stories live. Discover now