ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတွေလူဦးရေများစွာခုဆိုရောက်ရှိလုနီးပါးဖြစ်နေသည်။ဒီနေ့ဟာနိုင်ငံရဲ့
သခင်လေးနှစ်ပါး ထိပ်မြားလက်ထက်မင်္ဂလာပွဲပင်ဖြစ်သည်။လူအများ၏မျက်ဝန်းတွေဟာလည်းဝမ်းသာကြည်နူးမှုကိုဖော်ကြူးလို့ထားလေသည်။ရွှေရောင်တဖိတ်ဖိတ်တောင်လက်နေတဲ့မင်္ဂလာခန်းမ
အတွင်း omega နဲ့ alpha တို့ရဲ့ pheromones ရနံ့
တွေနဲ့ပြည့်နှက်လို့နေသည်။ဒါမျိုးဟာလူတိုင်းအတွက်ထူးဆန်းခြင်းတော့မဟုတ်။ဒီကမ္ဘာမှာရှိတဲ့လူများတွင် AOBဆိုပြီးအုပ်စုအမျိုးမျိုးကွဲပြားကြသည်။A ဆိုတဲ့အုပ်စုဟာ Alpha များဖြစ်ပြီးဒီကမ္ဘာရဲ့ခွန်အားအကြီးဆုံးသောလူများလည်းဖြစ်သည်။
သူတို့ဟာသူတို့ရဲ့မိတ်ဖက်ဖြစ်တဲ့omegaများနဲ့လက်ထက်နိုင်သလို သူတို့ရဲ့မျိုးဆက်တွေကိုလည်း
ထိုomega များကမွေးဖွားပေးရသည်။Omega အများစုဟာတော့ဒီကမ္ဘာမှာအားအနည်းဆုံးဟုတောင်ဆိုထိုက်လို့ရသည်။သူတို့ဟာတစ်သက်တာ
အမှတ်ပေးခံရလျှင် ကြိုက်နှစ်သက်သည်ဖြစ်စေ၊
မကြိုက်နှစ်သက်သည်ဖြစ်စေ သူတို့ရဲ့ဦးဆောင်သူ alpha လက်အောက်တွေသာနေထိုင်ရသည်။
ဒီကမ္ဘာဟာအရင်တုန်းကလိုတော့ မကြိုက်နှစ်သက်ပဲ
လက်ထက်ယူခြင်းကိုတော့ပိုလို့တားမြစ်ထားသည်။
ဒါဟာ omega တွေရဲ့တစ်ဦးတည်းသောအခွင့်အရေး
လည်းဖြစ်သည်။ဥပမာomega တစ်ယောက်ဟာ အလိုမတူပါပဲအိပ်မိ
လျှင် omega ဘက်ကသဘောကျမှသာလျှင်လက်ထက်ခွင့်ရမည်။omega ဘက်ကလက်မထက်ချင်လျှင်ဒါသည်လျော်ကြေးပေးရုံနဲ့ပြီးသွားမည့်ကိစ္စ
မျိုးပင်။ဒါဟာတစ်ဖက်တွင်လည်းalpha များကိုအကျိုးသက်ရောက်မှုအများကြီးဖြစ်စေသည်။
လက်လွတ်စပယ် omega တစ်ယောက်နဲ့အိပ်ဖြစ်လျှင် တစ်ဖက်ကတာဝန်ယူခိုင်းလျှင်ယူကိုယူရမည်။
ဒါကြောင့်လည်းalphaများဟာ သူတို့သဘောကျတဲ့သူမဟုတ်လျှင် အတူအိပ်ဖို့ကိုစိတ်တောင်ကူးမည်မဟုတ်။နှစ်ဦးသဘောတူအိပ်ပြီး လက်မထက်ပဲနေကြသည့်သူများလည်းအများအပြားရှိသည်။Omega တွေရဲ့ pheromone ရနံ့ဟာအလွန်ဆွဲဆောင်မှုရှိပြီးအားလည်းကောင်းသည်။သို့ပေမယ့်
အတူအိပ်ဖြစ်ရာမှာအချက်တစ်ချက်ရှိသေးသည်။
Pheromone တိုက်ညီမှုနည်းပါးတာကို အတူအိပ်မိပြီဆိုပါလျှင် ဒါမျိုးကိုတော့လက်ထက်ပေးခြင်းမပြု
လုပ်ပါ။pheromone တိုက်ညီမှုဟာအများဆုံး 100
ကနေ အနည်းဆုံး 80ကျော်ထိရှိနေရမည်။ကိုက်ညီမှု
ဒီထက်နည်းပါက Alpha ရော Omega ရောပါထိခိုက်နာကျင်မှုကိုအနည်းနဲ့အများခံစားရမည်။
YOU ARE READING
Mistakes that Hurt
RomanceMain character Name - Theikdi Linn Naung Date of birth - December 12 Height - 190.50 cm Weight - 75kg Hobby - Being silent Employment - Cardiologist / P...