အမှန်တော့ ဇေသော့်ကိုခြေထောက်ထိုးခံပီး ခြေချော်အောင်လုပ်လိုက်တာကမထိကိုယ်တိုင်ပင်
ဇေသော်-"မမြတ်ကျွန်တော်နောက်မဖစ်စေရပါဘူး"
မြတ်-"အမကအခုမင်းကိုဆူမယ်ထင်လို့လားဇေသော် အမအကုန်လုံးကိုcounter ကနေမြင်လိုက်ပါတယ်"
ဇေသော်-"ဟုကဲ့မ ဒါပင်မဲ့ကျွန်တော့်အမှားလည်းမကင်းပါဘူး ကျွန်တော်တိုက်မိလိုက်တာဆိုတော့"
မြတ်-"ကဲ့ပါ ထားလိုက်တော့ စိတ်ထဲထားမနေနဲ့ လုပ်စရာရှိတာလုပ် ဒါနဲ့မင်း ခြေခံလိုက်တဲ့တစ်ယောက်နဲ့က ဟိုတစ်ခေါက်ကကောင် မလား"
ဇေသော်-"ဟုတ်ပါတယ်အမ အဲ့ကောင်ပါ"
မြတ်-"အင်းဟုတ်ပီအမ သိပီသွားလုပ်စရာရှိတာလုပ်တော့"
ဇေသော်-"ဟုတ် "
ဟိုလူကဇေသော်ပြန်ထွက်လာတော့မရှိတော့ပါ ပြသာနာလာရှာသွားတဲ့ကောင်းတေွ့မယ်
မထိ ဟိုလူကြီးပေါက်စကိုlessonပေးတာဒါ level-1ပဲရှိသေးတယ် နောက်လာမယ်ဟာတေရှိသေးတယ် စောင့်နေလိုက်ပါအုံးဗျ
ဇေသော်လည်းအလုပ်ဆင်းပီဆိုတော့အဆောင်ကိုပြန်ဖို့ကားဆောင့်နေလိုက်သည်
စိတ်ထဲတွင်တော့ဟိုလူ့ကိုတော်တော်စိတ်တိုသည် သူလုပ်လို့ဖစ်တာ အဲ့အကောင်နဲ့ တွေ့တဲ့နေတိုင်းကို ကံဆိုးနေတာ ဂြိုလ်ဆိုးကောင်ဇေသော်အတွေးလေးမဆုံးလိုက်ခင်မှာတင်
ဝူးး...
ကားတစ်စီးကဇေသော်ဘေးကနေအရှိန်ပြင်းနဲ့ဖြတ်မောင်းလိုက်ခြင်းပင်
စောစောကမှ မိုးရွာချထားတာဖစ်လို့ ကတ္တာရာလမ်းပေါ်တွင် ရေအနည်းငယ်တင်ကျန်နေခြင်းဖစ်၍ ထိုရေအိုင်များပေါ်ကဖြတ်မောင်းခြင်းကြောင့် ရေများက ဇေသော်ကိုလာစင်ရလေတော့သည်ဇေသော်-"ဟာ..ဘယ််လိုလူလဲမသိဘူး လူသားချင်းလေးစားမှုကိုမရှိဘူး ကားကို ဗရမ်းဗတာမောင်းသွား အလုပ်မှာထဲကစိတ်ကညစ်လာပါတယ်ဆိုမှ"
တော်တော်ဒုက္ခပေးတဲ့ ဂြိုလ်ဆိုးကောင်
လူတောင်မြင်ရတာမဟုတ်ပဲ အဲ့ကောင်အကြောင်းတွေးမိတာနဲ့တင် ဒုက္ခပေးတဲ့အကောင်