Ch-76 : ရဲ

345 56 0
                                    



Ch-76 : ရဲ

ချန်ယောင်က ခေါင်းငုံ့၍ တိုးတိုးလေးပြောပြ၏။ "ညီမ မူလတန်းကျောင်းတက်တုန်းက အဖေက စီးပွားရေးမှာ ငွေအမြောက်အမြား လှည့်စားခံခဲ့ရတယ်။ သူက ဖိအားတွေကို မခံနိုင်ဘဲ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ..."

ယင်ထောင် သည် ချန်ယောင်ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိသောကြောင့် တိတ်တဆိတ်နားထောင်နေခဲ့သည်။

"အဖေ သတ်သေသွားမှန်းသိတော့ အမေက စိတ်ဓာတ်ကျသွားတယ်၊အမေက ဆေးရုံတက်နေတာလေ"

ချန်ယောင် သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငိုခဲ့ရပြီး ယခုအခါ ထုံကျဉ်နေပြီဖြစ်သည်။အခု သူမ ဤကြောက်စရာကောင်းသော အတွေ့အကြုံကို အေးအေးဆေးဆေး ပြန်ပြောပြနိုင်ပြီဖြစ်သည်။ "အဲတုန်းက အစ်ကိုက အထက်တန်းကျောင်းသားတစ်ယောက်လေ၊ အစက သူ့အဆင်တွေက အရမ်းကောင်းပြီး တက္ကသိုလ်ကောင်းကောင်းကို လွယ်လွယ်ကူကူ တက်နိုင်ခဲ့တာ ဒါပေမဲ့ အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် ညီမရဲ့အစ်ကိုက ညီမကိုဂရုစိုက်ဖို့ ကျောင်းထွက်ခဲ့ရတယ်"

ချန်ဖေး အကြောင်းပြောသောအခါ ချန်ယောင်၏မျက်ရည်များ ထိန်းမနိုင်သိမ်းမနိုင် စီးကျလာသည်။ "အစ်ကိုက ညီမကိုထောက်ပံ့ပေးဖို့ အလုပ်ထွက်လုပ်ခဲ့တယ်၊ ညီမတို့မိသားစုမှာ အကြွေးတွေ အများကြီး ကျန်သေးတယ်။ ညီမတို့မှာ တခြားဆွေမျိုးတွေ မရှိဘူး။ ညီမတို့ အစ်ကိုတစ်ယောက်တည်းကိုပဲ အားကိုးပြီး အကြွေးတွေကို ဖြည်းဖြည်းချင်း ပြန်ဆပ်ခဲ့ရတာ"

ချန်ယောင်၏ဝမ်းနည်းမှုကို ခံစားရင်း ယင်ထောင် သူမ၏ပခုံးကိုပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ "မင်းရဲ့အစ်ကို ကောင်းကောင်းလုပ်ခဲ့တယ်၊ သူက အရမ်းသန်မာပြီး မင်းကို ကောင်းကောင်းဂရုစိုက်တယ်။"

ချန်ယောင်ရဲ့မျက်လုံး ရုတ်တရက် ရဲတက်လာကာ ယင်ထောင်ကို ဖက်ရင်း ရိူက်ငိုလေသည်။ "ဒါပေမဲ့ အခု အစ်ကိုက အရမ်းနာကျင်နေတာ"

ယင်ထောင် သည် ချန်ယောင်၏စိတ်ထဲ အများကြီးရှိနေတာ ခံစားမိတယ်။ သူမ က အသက် ၁၆ နှစ် (သို့) ၁၇နှစ်ကျော်နေပြီ ဖြစ်လို့ ဤအရာများကို သတိမထားမိဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူမ၏ ထုံးစံအတိုင်း အပြစ်ကင်းစင်ပြီး နေသာသော အသွင်အပြင်က ချန်ဖေး စိတ်ချစေဖို့ဖြစ်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now