*1*

301 18 4
                                    

"ကျွန်တော်နဲ့တစ်ခါမှမမြင်ဖူးတဲ့ဒီလူကြီးကိုလက်ထပ်ရမယ် မေမေရယ်စဥ်းစားကြည့်ပါဦး ဘယ်လိုဖြစ်နိုင်မှာလဲ?"

"အီချန်းယောင်း!! မေမေပြောတာကိုနားထောင်စမ်း!! သားစိတ်တိုင်းကျလုပ်လာခဲ့ပြီးပြီ အခုမေမေ့စကားကိုနားထောင် သားကအရွယ်ရောက်နေပြီဖြစ်တဲ့အိုမီဂါတစ်ယောက် သားအတွက်သက်ဆိုင်သူအယ်လ်ဖာတစ်ယောက်လိုအပ်တယ်"

"ကျွန်တော်ကအိုမီဂါမဟုတ်ဘူးလို့!! ကျွန်တော်ကအစ်ကိုအွန်းဆော့လို့ဘဲအယ်လ်ဖာလို့ ကျွန်တော်ဒီပုံစံနဲ့ဘယ်လိုလုပ်အိုမီဂါဖြစ်နိုင်မှာလဲ?"

"သားရယ်အမှန်တရားကိုမျက်ကွယ်မပြုစမ်းပါနဲ့ သားတစ်ကယ်လို့အလုပ်ခွင်ရောက်တဲ့အချိန် သားရဲ့သက်ဆိုင်သူမရှိဘဲအလုပ်လုပ်လို့မရဘူး သားရဲ့heatအချိန်ရောက်လာရင်အန္တရာယ်များတယ် မေမေလိုအဖြစ်မခံနိုင်ဘူး"

"ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ်... မေမေတို့လွန်တယ် သားကိုယ်သားထိန်းနိုင်တာကို အတင်းကြီးလက်ထပ်ခိုင်းနေတာကျ..." ချန်းယောင်းလဲမျက်ရည်တွေကျလာပြီးသူ့အခန်းကိုသူပြန်တက်သွားတော့သည်

"သား!! ချန်းယောင်း!!" ချန်းယောင်းလေးခေါင်းမာပြီးကလန်ကဆန်လုပ်တာကိုသူ့မေမေအသိဆုံးဘဲဖြစ်သည် ဘယ်လိုပဲစစ်စစ်အိုမီဂါဆိုတာကိုသူ့လက်မခံခဲ့ အမြဲတမ်းအခန်းပိတ်ပြီးငိုနေတတ်သည် အခုလိုလက်ထပ်ခိုင်းတယ်ဆိုတာကလဲသူမလိုအဖြစ်မျိုးကြုံခဲ့ရမှာဆိုးလို့ပင် ဒါကိုချန်းယောင်းလေးတစ်နေ့တော့နားလည်လာလိမ့်မယ်လို့သူမမျှော်လင့်မိပါသည်

ချန်းယောင်းအခန်းထဲပိတ်ကာမျက်ရည်တွေကျနေမိသည် သူ့အစ်ကိုကအယ်လ်ဖာဖြစ်နေရဲ့နဲ့သူကဘာလို့အိုမီဂါ​ဖြစ်နေရတာလဲဆိုတာပင် heatကာလရောက်တိုင်းဆေးတွေသောက်ပြီးအခန်းထဲအောင်းနေခဲ့ရတာတွေ သူအရမ်းမုန်းပါသည် ခန္ဓာကိုယ်ကအယ်လ်ဖာတစ်ယောက်လိုပေမဲ့အိုမီဂါဖြစ်နေမိသည်

သို့သော်အိုမီဂါဆိုတိုင်းသူကပျော့ညံ့တဲ့အိုမီဂါတော့မဟုတ် အစ်ကိုအွန်းဆော့ကလေ့ကျင့်ပေးခဲ့လို့ သူအခုလိုခေါင်းမာကာနေနိုင်ခြင်းဖြစ်သည်

My PoSSeSSiVe HuSbANDWhere stories live. Discover now