"ဒီမှာဘာရပ်လုပ်နေကြတာလဲ ဒါအလုပ်ချိန် ကိုယ့်နေရာကိုယ်နေကြ..."
.
.
."ဒါတွေကိုငါရွှေ့ခိုင်းထားတယ်လေ စောက်လုပ်ကိုသေချာမလုပ်ကြဘူးလား"
.
.
."မျက်ခွက်တွေပြင်ထားကြနော် customer အတွန့်တတ်တာကြားရလို့ကတော့ အကုန်လုံးပြုတ်ပြီသာမှတ်...သွားကြ..သွားကြ...အကုန်လုံးငါ့ရှေ့ကထွက်သွားကြ!!!"
ခေါင်းလေးတွေငုံ့ပြီး ထွက်သွားကြတဲ့ဝန်ထန်းတွေကိုကြည့်ပြီး ဂျောင်ကု တောက်စ် တစ်ချက်ခေါက်လိုက်မိသည်။တစ်ယောက်မှအချိုးမပြေဘူး၊ဘယ်အရာမှလည်းမျက်လုံးထဲထောင့်မကျိုးဘူး။အကုန်လုံးကိုဖျက်စီးပစ်လိုက်ချင်သည်။
"ဟဲ့ ဂျာကြီး ဒီနေ့ဘာဖြစ်နေတာလဲမသိဘူး တနေကုန်ဒေါသထွက်နေတယ်"
"မနက်လာတည်းကဖြစ်နေတာ ဘာတွေစိတ်တိုလာလဲမသိဘူး ငါတို့ကိုလာပုံချနေသလိုပဲ"
"ဟဲ့ နင်တို့နှစ်ယောက်တွတ်ထိုးမနေနဲ့ ဟိုကတွေ့ရင်သေအုန်းမယ်"
ပုံမှန်ဆို အေးအေးဆေးဆေးနဲ့ဝန်ထန်းတွေအပေါ်ဆက်ဆံတတ်တဲ့ ဂျောင်ကုက ဒီနေ့တော့သူမတူအောင်စိတ်ဆတ်လို့နေပါသည်။
မျက်ခုံးတွေကိုလည်းထိစပ်လုမတတ်ကျုတ်ထားပြီးလမ်းလျှောက်ရင်လည်းကြိုးဝိုင်းထဲဝင်လာတဲ့နပန်းသမားတစ်ယောက်နှယ်ဖြစ်နေသည်။ဝန်ထန်းတွေမှာလည်းနဂိုပုံစံကိုတောင်ရှိန်နေကြရတာ အခုဆိုရင်တော့ အသက်တောင်ကောင်းကောင်းမရှူရဲလောက်အောင်ဖြစ်နေသည်။ဝန်ထန်းတွေပဲလားဆိုတော့မဟုတ်ပါ၊သူဌေးကိုယ်တိုင်အပါအဝင်ဖြစ်သည်။
ဂျောင်ကုရဲ့ဒေါသတွေသူ့ဆီမရောက်လာဖို့အတွက်လွတ်ရာကျွတ်ရာမှာနေနေရသည်။ဆိုင်ရှင်ဆိုပေမဲ့လည်း မန်နေဂျာဖြစ်တဲ့ဂျောင်ကုကိုတော့ကိုတော့မလွန်ဆန်နိုင်ပါ။ကျောင်းပြီးသွားတာတောင်သူ့ဆိုင်မှာပဲရှိနေအောင်မနည်းဆွဲဆောင်ထားရတာဆိုတော့လည်းအစစအရာရာဦးစားပေးရသည်။
သူ့ဆိုင်ရဲ့နေ့စဉ်အရောင်းအဝယ်လေးကောင်းမွန်နေတာဂျောင်ကုကြောင့်ပဲမဟုတ်လား။