my story

2 0 0
                                    

*ကိုကို..မြန်မြန်လာလေ ပွဲမှာ အရှေ့ဆုံးက ကြည့်ချင်ပါတယ် ဆိုတာကို*

ဖုန်းဆက်ခေါ်လိုက်တော့ ကိုကိုက

"လာနေပါပြီ ဘေဘီရဲ့ ရောက်တော့မယ် ဘာ‌လို့ အဲ့လောက်လောရတာလဲကွာ ပွဲစဖို့က လိုပါသေးတယ်"

ဟု ကိုကိုက ပြန်ဖြေလာတယ်။မသိဘူး ကိုကိုနဲ့ ပထမဆုံးစတွေ့တဲ့ ပွဲဆိုလဲ ဟုတ်သလို ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုတွေ စပြီးဝင်ရောက်လာခဲ့တာ စတဲ့ပွဲလို့လဲ ပြောလို့ရတာမလို့ အရမ်း စိတ်လှုပ်ရှားနေပြီ။ မြန်မြန်သွားချင်ပြီး ကိုကိုနဲ့ စတွေ့ခဲ့တဲ့ နေ့ကို ပြန်ပုံဖော်ချင်နေပြီ။ ဒီလိုဆိုလို့ တစ်ချို့က အရမ်းကြီးကျယ်တဲ့ ပွဲလို့ ထင်နေလောက်ကြတယ်။တကယ်က ကျောင်းရဲ့ fresher welcomeပွဲပါ။သူများအတွက်တော့ အရမ်းမကြီးလောက်ပေမယ့် ကျွန်တော့အတွက်ကတော့ အရမ်း အဓိပ္ပာယ်ရှိခဲ့တဲ့ ပွဲပေါ့။ ဟီးဟီး ပြောရင်းနဲ့တောင် ရင်ခုန်လာပြီ။
ခဏနေတော့ ကိုကိုရောက်လာပြီး

" ကဲ ဘေဘီ ကိုကိုရောက်ပါပြီဗျာ တွေ့လား ပွဲဖြင့် မစသေးတာကို ဘေဘီက လောနေတာ"

*ဟီးဟီး*

လို့သာ ရယ်ပြလိုက်ပြီးကိုကိုနဲ့ အတူ ပွဲထဲကို ဝင်သွားလိုက်တယ်။ ပွဲရဲ့ အရှေ့ဆုံးဆိုတဲ့ နေရာမှာ နှစ်ယောက်တူတူထိုင်နေပြီး အစီအစဉ်စမယ့် ချိန်ကိုစောင့်‌‌ေနလိုက်တယ်။
မကြာမီမှာပဲ ပွဲကစပြီး သီချင်းတွေ ဆိုကြ အကတွေကကြနဲ့ အရမ်းပျော်စရာ ကောင်းတာပဲ။
ကိုကိုနဲ့ စတွေ့တဲ့ နေ့ကလိုပေါ့။

Flash back

*အားး ဒီနေ့လဲ တက္ကသိုလ် ကျောင်းသားဘဝရဲ့ နောက်ထပ်တစ်နေ့ပါလား*

ဆိုပြီး ပျင်းပျင်းနဲ့ ရေရွတ်မိတယ်။ဟုတ်သည်လေ အရင်က တွေးထားခဲ့မိတာ တက္ကသိုလ်ကျောင်းသားဆို အရမ်းပျော်စရာ ကောင်းမှာလို့။ အရင်က TV မှာမြင်ဖူးခဲ့သလို သူငယ်ချင်းတွေနဲ့ အတူတူ အပြင်တွေ လျှောက်သွားမယ်။ ပေါက်ကရတွေ လျှောက်လုပ်မယ်ဆိုပြီး တွေးထားခဲ့တာ။ကိုယ့်ရဲ့ introvert ဆိုတာကိုမေ့ပြီးတော့ပေါ့။ ကိုယ်ကအဲ့လို အပြင်သွားရရင်ကို ပင်ပန်းနေတတ်တဲ့လူဆိုတာကို မေ့ပြီးပေါ့။ ဒါကြောင့် အပြင်လဲ သိပ်မသွားဖြစ်ဘဲ ကျောင်းနဲ့ အဆောင်မှာပဲ အချိန်ကုန်နေတတ်တယ်။ သူငယ်ချင်းရယ်လို့လဲ မယ်မယ်ရာရာ မရှိတော့ ကျွန်တော့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝက တကယ့်ကို ပျင်းစရာ ကောင်းတာပဲ။

When Unexpected Thing Happened Where stories live. Discover now