အပိုင်း (၁၇၆) ကျန်းချင်၏တိုင်တန်းမှု
ပိုင်လီက ပင်မခြံဝန်းက ထွက်လာတဲ့အချိန်မှာ ဥယျာဥ်ထဲမှာ ကျားယန်နဲ့တွေ့ခဲ့ပေမယ့် သူက သူမကိုသိပ်ဂရုစိုက်မနေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ခန့်မှန်းချက်အရ ဒီမိန်းကလေးက သူတို့အိမ်တော်မှာရေရှည်ဆက်နေနိုင်မယ့်သူ မဟုတ်တာကို သိနေလို့ပဲ။
အခုလည်း သူမ ဥယျာဥ်ထဲမှာရှိနေတာကရည်ရွယ်ချက်ကောင်း မဖြစ်နိုင်ဘဲ ပိုင်လီကတော့သူမဘာကြံနေနေ ဂရုစိုက်ဖို့ အားလပ်မနေတာကြောင့် သူသွားစရာရှိတာကိုပဲ သွားလိုက်လေသည်။
မိုးက သည်းသည်းမဲမဲရွာအပြီးမှာ တိတ်သွားခဲ့ပါပြီ။ သို့သော် သူ့ဇနီးလေးသည် မိုးထပ်ရွာမည် စိုးရိမ်၍ သူ့ကို ထီးအတင်းယူသွားခိုင်းခဲ့ကာ ထိုအတွက် ပိုင်လီက အလွန်ပိတီဖြာနေခဲ့တာလည်း ဖြစ်၏။
ပတ်ဝန်းကျင်က မကြာသေးခင်ကမှ ရွာသွန်းထားတဲ့မိုးကြောင့် လတ်ဆတ်သည့်ခံစားချက်ကို ပေးစွမ်းနေပြီး ပိုင်လီက ပြုံးတုံ့ပြုံးတုံဖြင့် သစ်သီးခြံထဲဝင်ခဲ့လိုက်လေသည်။
ဒါပေမယ့် သစ်သီးခြံထဲက တစ်နေရာမှာရှိနေတဲ့မြင်ကွင်းကို မြင်လိုက်ရတော့ သူက မပြုံးနိုင်တော့ပါဘူး။
အဲတာမှာ ဖုပင်းက ကလေးမလေးတွေကို မိုးရွာတာတောင် မနားခိုင်းဘဲ လေ့ကျင့်ပေးနေခဲ့၍ဖြစ်ပြီး ရှင်းလုနဲ့ကျူးလင် နှစ်ယောက်လုံးက မိုးမိထားတဲ့ကြွက်စုတ်လိုပုံစံလေးတွေနဲ့ လေ့ကျင့်နေကျလို့ပင်။
ပိုင်လီက သူမတို့နဲ့မလှမ်းမကမ်းမှာ အရမ်းကို ခြောက်ခြောက်သွေ့သွေ့ရှိနေတဲ့ ဖုပင်းကို လှမ်းကြည့်လိုက်ပြီး ဒီဂတုံးက အတော်လေး မညှာတတ်တာပဲလို့ မတွေးဘဲမနေနိုင်တော့ပါဘူး။
ထို့ကြောင့် သူကချောင်းဟန့်လိုက်ကာ ဖုပင်းကိုခပ်လှမ်းလှမ်းခေါ်သွားလိုက်ပြီး...
"တော်ရုံပဲလုပ်စမ်းပါ သူတို့က ခုထိအရွယ်မသေးတဲ့ ကလေးမလေးတွေပဲရှိသေးတယ်"
ဖုပင်းက ရုတ်တရက်ကြီး ပိုင်လီရောက်ချလာမည်ဟု မထင်ခဲ့တာဖြစ်သည်။ အထူးသဖြင့် ဒီလိုမိုးသည်းသည်းမဲမဲ ရွာထားပြီးစအချိန်မှာပေါ့။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ