အပိုင်း (၁၇၇) မုဆိုးကြီး၏ ပန်းသီးကြော်
အဲဒီအချိန်တုန်းကဆို ကျန်းချင်က ဒေါသထွက်လွန်းလို့လို့ ဝမ်လေကို သွားရိုက်မိတော့မတတ်ပါဘဲ။
သို့သော် ထို့အချိန်က လူအများနှင့်လည်းဖြစ်နေကာ သွားပြောပါကလည်း ထိုအရှက်မရှိသည့် လူတွေက ဘူးခံငြင်းပြီး အော်ကြီးဟစ်ကျယ်လုပ်နေဦးမှာမလို့ သူက သည်းခံခဲ့ရတာသာဖြစ်သည်။ အဲဒီနေ့က အသီးတွေ အပြီးခူးရမယ့်နေ့ဆိုတော့ ပြဿနာဖြစ်လို့ နှောင့်နှေးသွားရင်လည်း မကောင်းဘူးမလား။
ထို့ကြောင့်သာ ကျန်းချင်သည် ထိုစဥ်က ဝမ်သားအမိကို မျက်ကွယ်ပြုထားခဲ့ပြီး အခု ပိုင်လီနှင့်တွေ့တော့မှ တိုင်တန်းလိုက်ခြင်းသာဖြစ်သည်။
ပိုင်လီကတော့ ကျန်းချင်ပြောသမျှ နားထောင်ခဲ့ပြီး သူက သူနားလည်ပြီဖြစ်ကြောင်း ပြန်ပြောခဲ့ပေမယ့်ဝမ်သားအမိနဲ့ ပတ်သက်လို့တော့ ထင်မြင်ချက်ကိုထုတ်မပြောခဲ့ပါဘူး။
နောက်တော့ ပိုင်လီက အိမ်ပြန်လာခဲ့ပြီး သူကလမ်းတွင် သူ့နားထင်သူ နှိပ်နှယ်လာခဲ့လေသည်။
ဝမ်မိသားစုကလည်း သူ့အတွက် စိတ်ရှုပ်စရာတစ်ခုပါပဲ။
တကယ်ဆို ဝမ်မိသားစုအပေါ် သူပေးထားသောအခွင့်ရေးများသည် ဝမ်ရူအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိ၍ ၎င်းမရှိတော့၍ ခက်ခက်ခဲခဲရုန်းကန်ရတော့မည့် သူ့မိသားစုအပေါ် သနားညှာတာမှုသက်သက်သာ ဖြစ်ခဲ့သော်လည်း ထိုလူများသည် တရားလွန်စွာပြုမူလာခဲ့ကျသည်။
သူတို့က ပေးတဲ့အခွင့်ရေးကို အကုန်ယူရုံဆိုရင်တောင် ပြဿနာမရှိလှပေမယ့် အဲဒီထက်ပိုပြီးလွန်လွန်ကြူးကြူးတွေ လုပ်လာတော့ သူလည်းမတတ်နိုင်တော့ပါဘူး။
ဝမ်မိသားစုသည် နောက်ထပ် တရားလွန်တာတစ်ခုခုသာ ပြုမူခဲ့ပါက သူကအားနာမနေတော့ဘဲ ခြံကနေ ထုတ်ပြစ်လိုက်တော့မှာဖြစ်သည်။
ပိုင်လီက အိမ်ပြန်ရောက်တော့ သူ့ဇနီးလေးကို ဝမ်မိသားအကြောင်း ပြန်ပြောပြခဲ့ပြီး အကြောင်းစုံကိုကြားတဲ့ ရှောင်ဟန်ကတောင် အနည်းငယ်စိတ်တိုသွားခဲ့ပါတယ်။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ